သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ဘူတာပိုင်မြေတွေမှာ နေထိုင်သူတွေ ဒီဇင်ဘာလအကုန်အပြီးဖယ်ပေးရမှာဖြစ်ပြီး မဖယ်ပေးသူတွေကို စစ်ကောင်စီက အင်အားသုံးပြီး ဖယ်ရှားမယ်လို့ အကြောင်းကြားစာတွေ သက်ဆိုင်ရာမြို့တွေမှာ ထုတ်ပြန်ထားပါတယ်။
ပြည်၊ လက်ပံတန်း၊ ပေါင်းတည် မြို့တွေက ဘူတာပိုင်မြေတွေမှာ နေတဲ့ သူတွေကို အဲ့ဒီအကြောင်းကြားစာ ပို့ထားခဲ့ပြီး အဲဒီနို့တစ်စာ အပိုဒ်၂ မှာ ရေးသားထားတာကတော့ "အိမ်ဥပစာမှထွက်ခွာ၍မသွားလျင် သင်သည် အနိုင်ထက်ပြုမူမူဖြင့် အဲဒီအိမ်ကနေ ဖယ်ရှားခြင်းခံရလိမ့်မယ်"လို့ဖော်ပြထားတယ်လို့ဆိုပါတယ်။
"ဇီးဖြူကုန်းကိုပေးထားတဲ့စာကိုဖတ်ကြည့်တော့ ဒီဇင်ဘာ၃၁ရက် နောက်ဆုံးထားပြီးဖယ်ရှားပေးရမယ်လို့အကြောင်းကြားစာထဲမှာပါတယ် ဖယ်မပေးရင်အတင်းဝင်ဖျက်မယ့်သဘောလည်းရေးထားတယ်"လို့ လက်ပံတန်းမြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။
ပေါင်းတည်မြို့ကနို့တစ်စာပို့ခံထားရတဲ့သူတွေဟာ ကျူးကျော်သူတွေမဟုတ်ပဲ မီးရထားဌာနကိုအခပေးနေထိုင်သူတွေဖြစ်တယ်လို့ သိရပါတယ်။
"ပေါင်းတည် ၃ လမ်းက စားသောက်ဆိုင်ခန်းတွေက ကျူးကျော်ဆိုင်တွေမဟုတ်ဘူး မီးရထားကိုအခပေးနေတာ အဲဒါကလည်း အရင်စစ်အာဏာရှင်ခေတ်က ဆောက်ပြီးငှားစားနေတာ ကျူးကျော်တာမဟုတ်ဘူး အခုတော့ညှိနိူင်းနေတယ်လို့ကြားတယ် " လို့ မြို့ခံတဦးက ပြောပါတယ်။
ဟင်္သာတခရိုင်အတွင်းကဘူတာပိုင်မြေမှာ နေထိုင်သူတွေကိုလည်း ဒီဇင်ဘာလအတွင်းအပြီးဖယ်ရှားပေးဖို့ စစ်ကောင်စီကအကြောင်းကြားထားတယ်လို့လည်း သိရပါတယ်။
မီးရထားနယ်မြေအတွင်း ဝင်ရောက်နေထိုင်သူအများစုဟာ မီးရထားဝန်ထမ်းတွေရဲ့သားစဥ်မြေးဆက် နေထိုင်လာကြတဲ့မိသားစုဝင်တွေဖြစ်ပြီး ဖယ်ရှားခံရရင် အိုးအိမ်မဲ့သူတွေဖြစ်သွားနိုင်တယ်လို့ သိရပါတယ်။
#မြေလတ်အသံ
Share Share Share