မကွေးကန်ဘောင်မှာ မိုင်းပေါက်ကွဲပြီး လူငယ် ၁ ဦးသေဆုံး

မကွေးကန်ဘောင်မှာ မိုင်းပေါက်ကွဲပြီး လူငယ် ၁ ဦးသေဆုံး

မကွေးတိုင်း၊ မကွေးမြို့၊ ကန်သာရပ်ကွက်၊ ကန်သာကန်ဘောင်မှာ မိုင်းကွဲပြီး လူငယ် ၁ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မတ်လ ၆ ရက်နေ့လယ် ၁၂ နာရီခန့်မှာ ကန်သာကန်ဘောင်အရှေ့ဘက်ထိုင်ခုံတခုမှာ မိုင်းပေါက်ကွဲရာက အောင်လံမြို့နယ်မှာ နေထိုင်တဲ့ အသက် ၂၀ အရွယ် ကိုထက်ရှိင်းအောင် ဆိုသူ သေဆုံးခဲ့တာပါ။

ဒေသခံတွေကတော့ ကိုထက်ရှိုင်းအောင်နဲ့ နောက်ထပ်လူငယ်တဦးက မိုင်းဆင်နေစဥ်မှာ ခုလိုပေါက်ကွဲမှုဖြစ်ခဲ့တာလို့ ဆိုပါတယ်။ 

"သိရသလောက်က သူတို့မှာပါလာတဲ့ မိုင်းကိုဆင်နေရင်းကနေ ထကွဲတာလို့ သိရတယ်။ ဖြစ်တဲ့ နေရာမှာမိုင်းဆင်ပြီးရင် တနေရာမှာ သွားချထားဖို့ဖြစ်လောက်တယ်။ တယောက်ကတော့ ဒဏ်ရာနဲ့ထွက်ပြေးသွားတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

မိုင်းစထိမှန်ပြီး ကိုထက်ရှိုင်းအောင်မှာ ဦးခေါင်းနဲ့ ခန္ခာကိုယ် ပြတ်ထွက်ပြီး နေရာမှာတင် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ 

မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီအဖွဲ့တွေရောက်လာပြီး အလောင်းကိုယူဆောင်သွားသလို ထွက်ပြေးသွားတဲ့တယောက်ကိုလည်း ဖမ်းမိဖို့ပိတ်ဆို့ရှာဖွေတာတွေ လုပ်နေကြပေမယ့် မတ်လ ၇ ရက်မနက်ပိုင်းအထိ ဖမ်းမိတာမရှိသေးဘူးလို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ကန်သာရပ်ကွက် #မိုင်းပေါက်ကွဲ #တဦးသေဆုံး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10