မကွေးတက္ကသိုလ်မှာ ကျောင်းသူတဦး ဓါးထိုးခံရလို့ သေဆုံး

မကွေးတက္ကသိုလ်မှာ ကျောင်းသူတဦး ဓါးထိုးခံရလို့ သေဆုံး

မကွေးမြို့ တောင်တွင်းလမ်းမရှိ မကွေးတက္ကသိုလ်ထဲမှာ ကျောင်းသူ ၁ဦး ဓားထိုးခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီလ ၈ရက် ‌မနေ့က နေ့လယ် ၁ နာရီခွဲလောက်မှာ ကျောင်းဝန်းအတွင်း စာသင်ဆောင်တခုအနီးမှာ ၂၁ နှစ်အရွယ် သတ္တဗေဒမေဂျာဂုဏ်ထူးတန်း ဒုတိယနှစ်တက်နေသူ မဝိုင်းဆုလှိုင် ကို ၂၁ နှစ်အရွယ် ကိုဝေဖြိုးအောင်ဆိုသူက ဓားနဲ့ထိုးခဲ့တာလို့ ဆိုပါတယ်။

"သိရသလောက်ကတော့ လူမှုရေးကိစ္စလို့တော့ ပြောကြတာပါပဲ။ အကြောင်းအရင်းအတိအကျကတော့ ကာယကံရှင်တွေပဲ သိမှာပါ။ ကောင်မလေးကတော့ သေသွားတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

ဓားနဲ့အထိုးခံရလို့ မဝိုင်းဆုလှိုင်ရဲ့ ဝမ်းဗိုက်မှာ ထိုးသွင်းဒဏ်ရာနဲ့နေရာမှာပဲ သေဆုံးခဲ့ပြီး အလောင်းကိုတော့ ဒေသလူမှုကူညီရေးအသင်းတွေက မကွေးဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

ဓားနဲ့ထိုးခဲ့တဲ့ လူငယ်ဟာ မဝိုင်းဆုလှိုင်ရဲ့ ရည်စားဟောင်းလို့ ပြောဆိုနေကြပြီး သူ့ကို ကျောင်းလုံခြုံရေးနဲ့ ကျောင်းသားတွေကဖမ်းကာ ရဲစခန်းကို ပို့ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ ရက်ကလည်း မကွေးမြို့နယ်၊ ရေခါးကျေးရွာမှာ ကထိန်အလှူပွဲအပြီး ကခုန်ကြစဥ် ရန်ဖြစ်ရာက လူငယ် ၁ ဦး ဓါးထိုးခံရပြီး သေဆုံးခဲ့ပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #တက္ကသိုလ် #ဓါးထိုးမှု #ကျောင်းသူ #သေဆုံး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10