မကွေးမှာ ရက်သားအရွယ် မိန်းကလေးငယ်ကို လမ်းဘေးစွန့်ပစ်ထားခဲ့

မကွေးမှာ ရက်သားအရွယ် မိန်းကလေးငယ်ကို လမ်းဘေးစွန့်ပစ်ထားခဲ့

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ မြို့ရှောင်လမ်းနဲ့ နတ်မောက်လမ်းကြားမှာ စွန့်ပစ်ခံထားရတဲ့ ရက်သားအရွယ် ကလေးငယ် ၁ ဦးကို တွေ့ရှိရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဇူလိုင် ၃၁ ရက် မနက် ၉ နာရီခန့်မှာ လမ်းဘေးစွန့်ပစ်ထားတဲ့ အဝတ်ထုပ်တစ်ထုပ်၊ အနှီးအဖြူရောင်နဲ့ ပတ်ထားတဲ့ ၂၈ ရက်သား မိန်းကလေးငယ် ၁ ဦးကို လမ်းသွားလမ်းလာတွေက တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

"ကလေးက တွေ့တဲ့ အချိန် ပုရွက်ဆိတ်တွေကိုက်ထားတာ။ လမ်းဘေး ဒီအတိုင်းချထားတော့ အောက်က သဲတွေကျောက်တွေနဲ့ ပွန်းထားတဲ့ ဒဏ်ရာရလေးတွေလည်း တွေ့ရတယ်။ ကလေးကိုတော့  ရပ်ကွက်အုပ်ကြီးထံ အပ်ထားကြတယ်"လို့ ဒေသခံတဦး ကပြောပါတယ်။

စွန့်ပစ်ကလေးငယ်နဲ့ ပတ်သက်ပြီး မိဘတွေကိုသိရှိဖို့ ဒေသခံတွေနဲ့ လူမှုကူညီရေးအသင်းတွေက လိုက်လံစုံစမ်းနေတယ်လို့ ဆိုပါတယ်။ 

စုံစမ်းသိရှိချက်အရ ကလေးမိဘတွေက မကွေးမြို့၊ မြောက်အောင်ဘုံရပ်ကွက်နေသူတွေလို့ သိရှိရလို့ ကလေးငယ်ကို မိဘတွေထံပြန်အပ်ဖို့ လုပ်နေတယ်လို့ ဆိုပါတယ်။ 

ဧပြီ ၂ ရက်ကလည်း မကွေးမြို့၊ ရွာလေးမြေနီကုန်းရပ်ကွက်၊ ချောင်းရိုးလမ်းကြား၊ ကောင်းမွန်စင်တာအနောက်ဘက်မှာ မွေးကာစ မိန်းကလေးငယ် ၁ ဦးစွန့်ပစ်ထားမှုဖြစ်ခဲ့ပြီး ကလေးငယ်ကိုတော့ မိသားစုတစုက မွေးစားလိုက်တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #မကွေး #နတ်မောက် #ကလေးသူငယ် #စွန့်ပစ်မှု #လူမှုကူညီရေး #လူမှုရေး #ကလေးသူငယ်အခွင့်အရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10