မကွေးမှာ အထက်တန်းကျောင်းသား ၁ ဦး ကြိုးဆွဲချသေဆုံး    ■ အမျိုးသမီး ၁ ဦးလည်း ဧရာဝတီမြစ်ထဲဆင်းပြီး အဆုံးစီရင်ခဲ့

မကွေးမှာ အထက်တန်းကျောင်းသား ၁ ဦး ကြိုးဆွဲချသေဆုံး ■ အမျိုးသမီး ၁ ဦးလည်း ဧရာဝတီမြစ်ထဲဆင်းပြီး အဆုံးစီရင်ခဲ့

 

မကွေးမြို့၊ အောင်မေတ္တာရပ်ကွက် (ဃ) အုပ်စု၊ ၁၀ လမ်းမှာ အထက်တန်းကျောင်းသား ၁ ဦးကြိုးဆွဲချ သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသအခြေစိုက် ပရဟိတအသင်းတခုထံက သိရပါတယ်။

သေဆုံးသူမှာ အသက် ၁၇ နှစ်အရွယ် ၉ တန်းကျောင်းသား မောင်ကြယ်စင်လင်းထက် ဖြစ်ပြီး နိုဝင်ဘာ ၄ ရက် ဒီကနေ့ မနက် ၆ နာရီခွဲခန့်မှာ သူ့ရဲ့နေအိမ်အတွင်း ကြိုးဆွဲချသေဆုံးခဲ့တာလို့ ဆိုပါတယ်။

" သူက အထက ၄ မကွေးမှာ ၉တန်းတက်နေတာ။ မိဘတွေက ဖုန်းပေးမကိုင်လို့ ခုလိုလုပ်လိုက်တာလို့ ပြောသံကြားရတယ်။"လို့ ဒေသအခြေစိုက်ပရဟိတအသင်းတခုရဲ့တာဝန်ရှိသူက ပြောပါတယ်။

သေဆုံး ၉ တန်းကျောင်းသားရဲ့ ရုပ်အလောင်းကို မကွေးမြို့ဆေးရုံကို ပို့ဆောင်ပေးထားပြီး စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂ ရက် ညနေပိုင်းကလည်း အမျိုးသမီး ၁ ဦး မကွေးမြစ်ကူးတံတားအနီး ဧရာဝတီမြစ်အတွင်းဆင်းကာ အဆုံးစီရင်သွားတာကြောင့် ဒေသခံပရဟိတအဖွဲ့တွေက ဝိုင်းဝန်းရှာဖွေခဲ့ရတယ်လို့ သိရပါတယ်။

သေဆုံးသူမှာ ဖိုလေးလုံးကျေးရွာက အသက် ၄၄ နှစ်အရွယ် ဒေါ်နုနုထွေး ဆိုသူဖြစ်ပြီး ညနေ ၄ နာရီခွဲဝန်းကျင်မှာ ဧရာဝတီမြစ်အတွင်းဆင်းသွားတာကြောင့်ရှာဖွေရာ ၅ နာရီ ၂၀ မိနစ်ဝန်းကျင်မှာ သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးအမျိုးသမီးဟာ အခုလိုလုပ်ဆောင်တာနဲ့ပတ်သက်ပြီး မသိရပေမယ့် ၎င်းရဲ့လုပ်ရပ်ဟာ မိသားစုနဲ့ မပတ်သက်ကြောင်းကို စာရေးသားထားခဲ့တယ်လို့လည်း ကယ်ဆယ်ရေးအဖွဲ့ဝင်တွေက ပြောပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#မကွေး #အထက်တန်းကျောင်းသား #အမျိုးသမီး #သေကြောင်းကြံစည် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10