PRF တပ်ဖွဲ့ဆီ တပ်သားသစ် ၂၀၀ ကျော်လာလျှောက် တပ်သားသစ်တွေထပ်မံခေါ်ယူ (ရုပ်/သံ)

စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အတည်ပြုပြဌာန်း ပြီးနောက်မှာတော့ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF)တပ်ဖွဲ့ထဲ ဝင်ချင်လို့ လာရောက်ဆက်သွယ်သူ ၂၀၀ ကျော်ရှိပြီး စိစစ်မှုတွေပြုလုပ်နေသလို တပ်သားသစ်တွေလည်း ထပ်မံခေါ်ယူနေ တယ်လို့ သိရပါတယ်။

လက်ရှိ လာရောက်လျှောက်ထားသူတွေကို စိစစ်နေပြီး ဧပြီလ မှာ စစ်သင်တန်းအပတ်စဥ် (၈) ကို ပေးသွားမယ်လို့ သိရပါတယ်။

တပ်ဖွဲ့မှာ တော်လှန်ရေးက ပထမ၊ အဖွဲ့အစည်းက ဒုတိယဆိုတဲ့ တပ်ဖွဲ့ဝင်မူဝါဒရှိပြီး ဒါကိုလိုက်နာနိုင်ရမှာဖြစ်သလို အသက် ၁၆ နှစ် ကနေ ၃၅ နှ စ်အထိမည်သူမဆို တပ်ဖွဲ့ဝင်နိုင်ပြီး မိသားစုအရေးကင်းရှင်းသူ၊ ဒေသစွဲမရှိဘဲ PRF ကလွှတ်တဲ့စစ်ဒေသတွေမှာ ၂ နှစ်တာဝန်ထမ်းဆောင်နိုင်ရမယ် စတဲ့စည်းကမ်းချက်တွေရှိတယ်လို့ ဆိုပါတယ်။

PRF တပ်ဖွဲ့ဟာ မကွေးတိုင်းအခြေစိုက်တပ်ရင်းတခုဖြစ်ပြီး တပ်မှာပါဝင်တဲ့ ရဲဘော်တွေအများစုကတော့ ကျောင်းသားသမဂ္ဂ၊ ဆရာသမဂ္ဂအဖွဲ့ဝင်တွေနဲ့ နိုင်ငံရေးအကျဥ်သားဟောင်းတွေ အများစုပါဝင်တယ်လို့ သိရပါတယ်။

တပ်ဖွဲ့အနေနဲ့ ၃ နှစ်တာကာလအတွင်း စစ်ကိုင်းနဲ့ မကွေးမှာ မဟာမိတ်တွေနဲ့ပူးပေါင်းပြီး တိုက်ပွဲအသေးအကြီး ၆၀ ကျော်တိုက်ခဲ့ပြီးတော့ ပျူနဲ့စစ်ကောင်စီအဖွဲ့ဝင် ၈၀ ခန့် ကိုရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ 

#မကွေးတိုင်း #စစ်ကိုင်းတိုင်း #PRF #ပြည်သူ့တော်လှန်ရေးတပ်ဦး #တပ်သားသစ် #စစ်သင်တန်း #စစ်မှုထမ်းဥပဒေ #စစ်ကောင်စီ #နွေဦးတော်လှန်ရေး #မြေလတ်သတင်း #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10