သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးမြို့၊ ကန်သာရပ်ကွက်ရှိ မင်္ဂလာကန်တော်မှာ ဒီနေ့ မေ ၂၅ ရက် မနက်အစောပိုင်းက ငါးထောင်နဲ့ချီသေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
သေဆုံးတဲ့ငါးတွေဟာ အဆိုပါကန်အတွင်းမွေးမြူထားတဲ့ငါးတွေဖြစ်ပြီး မြက်စားငါးကြင်းနဲ့ တီလားဗီးယားငါးမျိုးတွေ အများဆုံးသေဆုံးနေကြကာ သေဆုံးတဲ့အကြောင်းအရင်းကို မသိရသေးဘူးလို့ ဆိုပါတယ်။
" ငါးတွေသေနေတာ အသေးရော၊ အကြီးရောဆို အကောင်ရေ ၅၀၀၀ နဲ့အထက်မှာရှိမယ်။ ကန်ထဲမှာ အောက်ဆီဂျင်မလုံလောက်တာလား၊ အဆိပ်ချငါးဖမ်းလို့ သေဆုံးတာလား ဘာကြောင့်သေတာလဲ မသိရသေးဘူး” လို့ မကွေးမြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။
သေဆုံးနေတဲ့ငါးတွေကို မနက် ၆ နာရီကျော်လောက်ကတည်းက ကန်အနီးအနားရှိရပ်ကွက်နေမြို့ခံတွေဟာ ဆယ်ယူပြီး ချက်စားဖို့ နေအိမ်ကိုသယ်ဆောင်နေကြတယ်လို့ ဆိုပါတယ်။
“ ရေပေါ် ပေါ်နေတယ်ဆိုလို့ အနီးအနားရပ်ကွက်ကသူတွေကတော့ လာဆယ်ပြီး ချက်စားဖို့ အိမ်သယ်သွားကြတယ်။ ဘာကြောင့်သေမှန်းမသိတဲ့ ငါးတွေကို ချက်စားဖို့ယူသွားကြတာက အန္တရာယ်တော့များတယ်" လို့ အဆိုပါမြို့ခံ ပြောပါတယ်။
ငါးတွေအများအပြားသေဆုံးတာနဲ့ပတ်သက်ပြီး မနက် ၉ နာရီကျော်တဲ့အထိ မြို့တာဝန်ရှိသူတွေဘက်က လာရောက်စစ်ဆေးတာမျိုးမရှိသေးဘဲ ငါးတွေကတော့ ဒေသခံတွေကောက်သွားလို့ ကုန်သလောက်ရှိနေပြီလို့ သိရပါတယ်။
ယခင်က ကန်သာမင်္ဂလာကန်တော်မှာ ငါးတွေသေဆုံးတာရှိခဲ့ပေမယ့် ယခုလိုထောင်နဲ့ချီသေဆုံးတာမျိုးမဟုတ်ဘဲ ရေနည်းချိန်အောက်ဆီဂျင်ပြတ်ကာ အနည်းငယ်သေဆုံးတတ်ကြပြီး ယခုငါးသေဆုံးမှုမှာတော့ ကန်ထဲမှာ ရေအများအပြားရှိနေသေးတယ်လို့ သိရပါတယ်။
စာတည်း - ဟိန်းစံ။
#မြေလတ်အသံ
#မကွေး #ကန်သာရပ်ကွက် #မင်္ဂလာကန်တော် #ငါး #သေဆုံး #သဘာဝဘေးအန္တရာယ်
Share Share Share