မင်းတုန်းနယ်မှာကျဆုံးတဲ့ ရဲဘော် ၂ ဦး တနှစ်ပြည့်ပြုလုပ် (ရုပ်/သံ)

ရခိုင်ရိုးမပေါ်မှာ ဒေသကာကွယ်ရေး ပူးပေါင်းလေ့ကျင့်ရေးစခန်းကို စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင်စီးခံရစဉ်က ကျဆုံးသွားခဲ့တဲ့ ရဲဘော် ၂ ဦး ရဲ့ တနှစ်ပြည့်  လွမ်းဆွတ်အလေးပြုခြင်းအခမ်းအနားကို မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အတွင်း ပြုလုပ်ခဲ့ကြပါတယ်။

ကျဆုံးရဲဘော်တွေဟာ Golden Eagle Myaylatt က အသက် ၁၆ နှစ် ရဲဘော်တေဇ နဲ့ အသက် ၁၈ နှစ်အရွယ် ရဲဘော်စစ်နိုင် တို့ဖြစ်ကြပြီး ပြီးခဲ့တဲ့ ၂၀၂၂ ဇန်နဝါရီလ ၂၉ ရက် နေ့မှာ ရခိုင်ရိုးမပေါ်က ပူးပေါင်းလေ့ကျင့်ရေးစခန်းမှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ထိပ်တိုက်တိုက်ပွဲအတွင်းမှာ ကျဆုံးခဲ့တာဖြစ်ပါတယ်။

ကျဆုံးရဲဘော် တေဇ နဲ့ စစ်နိုင်တို့ဟာ ၁၀ တန်း‌ကျောင်းပြီးထားသူများဖြစ်ပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးအတွက် Golden Eagle Myaylatt အဖွဲ့ကို ရောက်ရှိလာခဲ့ကြတာဖြစ်ပါတယ်။

Golden Eagle Myaylatt တပ်ဖွဲ့က တရားမျှတမှုနဲ့ ဖယ်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးအတွက် တိုက်ပွဲဝင်နေကြပြီး အဆုံးထိတိုက်ပွဲဝင်ဖို့ ရဲဘော်တွေကိုမွေးထုတ်ပေးနေတာလည်းဖြစ်တယ်လို့ အဖွဲ့ခေါင်းဆောင် ဗိုလ်လင်းယုန်က ပြောပါတယ်။ 

သူတို့အဖွဲ့မှာ တော်လှန်ရေးကာလအတွင်း ကျဆုံးရဲဘော် ၄ ဦး ရှိနေပြီး သတင်းအစအနမရဘဲ ပျောက်ဆုံးနေတဲ့ ရဲဘော်တွေလည်းရှိနေသလို စစ်ကောင်စီကဖမ်းဆီးထားတဲ့ ရဲဘော် ၁၀ ဦးအထက် ရှိနေပြီလို့ သိရပါတယ်။ 

 #မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10