မင်းတုန်းမြို့နယ် ပကဖ သင်တန်းဆင်းပွဲကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ မင်းတုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြုလုပ်ခဲ့တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲအခမ်းအနားကို စစ်ကောင်စီတပ်ဘက်က ဂျက်ဖိုက်တာအသုံးပြုပြီး ၃ ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီသင်တန်းဆင်းပွဲကိုတော့ မင်းတုန်းမြို့နယ်တနေရာမှာ သြဂုတ် ၂၈ ရက်က ပြုလုပ်ခဲ့တာဖြစ်ပြီး နံနက်၉ နာရီမှာ သင်တန်းဆင်းပွဲကို အောင်မြင်စွာ ပြုလုပ်ပြီးနောက် နာရီဝက်အကြာမှာ အခုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတာပါ။ ဗုံးကြဲတိုက်ခိုက်ခံရပေမယ့် ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ ဆိုပါတယ်။

အဲဒီသင်တန်းကိုတော့ သြဂုတ်ပထမပတ်ကစပြီ ၁၄ ရက်ကြာ စစ်ရေး၊ မိုင်းဖောက်ခွဲရေးနဲ့ NUG က လက်ရှိချမှတ်ထားတဲ့ ပကဖတယောက်ရဲ့ရှိရမယ့်အရည်အချင်းတွေ တော်လှန်ရေးအင်အားစုတွေနဲ့ ဆက်ဆံရေးတွေ အစရှိတာတွေကို သင်ကြားပေးခဲ့တယ်လို့ ကိုဗဟိန်းက ပြောပါတယ်။

မင်းတုန်းမြို့နယ်မှာ တော်လှန်ရေးအင်းအားနည်းတာကြောင့် ရှိတဲ့အင်းအားနဲ့ ကြိုစားပြီး သင်တန်းကို ရက်တိုပြုလုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#မကွေး #မင်းတုန်း #သင်တန်းဆင်းပွဲ #လေကြောင်းတိုက်ခိုက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10