မင်္ဂလာဆောင်က ပြန်လာတဲ့ အမျိုးသမီးငယ် ၂ ဦး ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး

မင်္ဂလာဆောင်က ပြန်လာတဲ့ အမျိုးသမီးငယ် ၂ ဦး ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ နန္ဒာတောင်ကျေးရွာနဲ့ မန္တလေး-မတ္တရာသွားကားလမ်းကြားမှာ မင်္ဂလာဆောင်က ပြန်လာတဲ့ အမျိုးသမီးငယ် ၂ ဦး ပစ်ခတ်ခံရပြီး ၁ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၃၁ ရက်ဒီမနက် ၁၁ နာရီခန့်မှာ နန္ဒာတောင်ကျေးရွာ မင်္ဂလာဆောင်ကနေ အမျိုးသမီးငယ် ၂ ဦးဟာ ဆိုင်ကယ်နဲ့ ပြန်လာချိန် လူငယ် ၂ ဦးက ဆိုင်ကယ်နဲ့လိုက်လာပြီး သေနတ်နဲ့ပစ်ခတ်သွားတယ်လို့ ဒေသလူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။  

"ကောင်မလေးတွေက သူတို့သူငယ်ချင်း မင်္ဂလာဆောင်ကနေ ပြန်လာတာ။ အဲ့ဒါကို အနောက်ကနေ လိုက်လာပြီးပစ်သွားတာ။ ဆိုင်ကယ်အနောက်က လိုက်စီးလာတဲ့ကောင်မလေးက သေနတ်ဒဏ်ရာနဲ့ နေရာမှာဘဲ ဆုံးသွားတယ်" လို့ ပြောပါတယ်။

သေနတ်နဲ့ပစ်ခံရသူတွေဟာ ကျွဲရေကုန်းကျေးရွာနေ မမျိုးမဌေး ၁၉ နှစ်နဲ့ မဖြူဇင်သန့်  ၂၁ နှစ်ဆိုသူတွေဖြစ်ပြီး သေနတ်နဲ့ပစ်ခံရလို့ မဖြူဇင်သန့်မှာ ဝဲနားထင်ကျည်ဖောက်ဝင်ဒဏ်ရာနဲ့ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

အဲဒီပစ်ခတ်မှုကိုတော့ ဘယ်သူတွေက ဘာကြောင့်ပစ်ခတ်ခဲ့တယ်ဆိုတာ မသိရသေးသလို မဖြူဇင်သန့်ရဲ့ အလောင်းကိုတော့ ဒေသလူမှုကူညီရေးအသင်း အကူအညီနဲ့ မန္တလေးပြည်သူ့ဆေးရုံကို ပို့ထားတယ်လို့ သိရပါတယ်။

အဲ့ဒီနောက် စစ်ကောင်စီအဖွဲ့တွေရောက်လာပြီး အခင်းဖြစ်တဲ့နေရာတဝိုက်ကို စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10