မတ္တရာမှာ စစ်ကောင်စီစစ်ကြောင်း စနိုက်ပါနဲ့ပစ်ခံရလို့ ၁ ဦးသေဆုံး

မတ္တရာမှာ စစ်ကောင်စီစစ်ကြောင်း စနိုက်ပါနဲ့ပစ်ခံရလို့ ၁ ဦးသေဆုံး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ မြွေမြစ်ရိုးရွာကနေ ဇီးကုန်းကျေးရွာကိုကူးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဖေဖော်ဝါရီလ ၁ ရက်ဒီနေ့လယ်ပိုင်းမှာ စနိုက်ပါနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
 
အင်အား ၈၀ ဝန်းကျင်ပါတဲ့ အဆိုပါစစ်ကြောင်းကို ပျောက်ကြားစနစ်နဲ့တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့တယ်လို့ တောကြီးမြွေပွေးအဖွဲ့မှ ဗိုလ်တီကပြောပါတယ်။
 
“မြွေမြစ်ရိုးရွာကနေ ဇီးကုန်းရွာအကူး ရွာ ၂ ရွာကြားထဲမှာ စနိုက်ပါနဲ့ပစ်ခတ်ခဲ့တာ၊ အင်အားက ၈၀ လောက်ပါတယ်၊ စစ်ကြောင်းနဲ့ထိပ်တိုက်မရင်ဆိုင်ပဲ ပျောက်ကြားစနစ်နဲ့လိုက်ပစ်တာ၊ ၁ ယောက် ထိမှန်ပြီးသေတယ်” လို့ ပြောပါတယ်။
 
တိုက်ခိုက်ခံရပြီးနောက် အဲဒီစစ်ကြောင်းဟာ ဇီးကုန်းရွာထဲမှာပဲတပ်စွဲနေပြီး လက်ရှိမှာတော့ မတ္တရာနယ်ထဲမှာ စစ်ကောင်စီဘက်က စစ်ကြောင်း ၄ ကြောင်းနဲ့ဝင်ရောက် အင်အားဖြန့်နေတာလို့ ဆက်ပြောပါတယ်။
 
ပြီးခဲ့တဲ့ဇန်နဝါရီလ ၂၉ ရက်ကလည်း မတ္တရာမြို့အနောက်ခြမ်းကို နယ်မြေရှင်းလင်းရေးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကောက်ရိုးပုံကျေးရွာနဲ့ မြွေပုံကန်ကျေးရွာအကြားမှာ တောကြီးမြွေပွေးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးခဲ့ပါသေးတယ်။
 
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10