မတ္တရာမှာ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရလို့ ၅ ဦး သေဆုံးပြီး ဒဏ်ရာရသူတွေကို အရေးပေါ်ကားနဲ့ သယ်သွားဟုဆို

မတ္တရာမှာ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရလို့ ၅ ဦး သေဆုံးပြီး ဒဏ်ရာရသူတွေကို အရေးပေါ်ကားနဲ့ သယ်သွားဟုဆို

မတ္တရာ၊ မတ် ၁၊ ၂၀၂၃။

 

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ မြွေဟင်္သာရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဖေဖော်ဝါရီလ ၂၈ ရက် မနေ့ နေ့လည်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ တောကြီးမြွေပွေးအဖွဲ့ဆီက သိရပါတယ်။

မတ္တရာမြို့ဘက်ကနေ ဖေဖော်ဝါရီလ ၂၇ ရက်က စတင်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို မနေ့နေ့လည်ပိုင်းက မြွေဟင်္သာရွာအနီးမှာ မိုင်း ၈ လုံးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၅ ဦး သေဆုံးခဲ့ပြီး၊ ထိခိုက်ဒဏ်ရာရသူတွေကို လူနာတင်ကားနဲ့ လာသယ်သွားတယ်လို့ တောကြီးမြွေပွေးအဖွဲ့ တာဝန်ရှိသူ ဗိုလ်တီက မြေလတ်အသံကို ပြောပါတယ်။

“မတ္တရာမြို့ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကို မြွေဟင်္သာရွာနဲ့ ကားလမ်းအကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်။ ကျနော်တို့ မိုင်းဆွဲလိုက်တာက ၃၂ ယောက်ပါတဲ့ စစ်ကြောင်းကိုပါ။ ထိခိုက်မှုကများပြီး ကျနော်တို့ သိတာက ၅ ယောက် သေတယ်။ ဒဏ်ရာရတဲ့သူတွေကိုတော့ ည ၉ နာရီ ၄၅ မိနစ်မှာ သူတို့ကား ၇ စီးနဲ့ လာသယ်သွားပြီး မတ္တရာမြို့ထဲကို ပြန်သွားတယ်” လို့ ဗိုလ်တီက ပြောပါတယ်။

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ထီးတော်မိုးအခြေစိုက် အမှတ် ၂ စစ်သားစု ဆောင်းရေးတပ်နဲ့ မန္တလေးမြို့ပေါ် တပ်ရင်းတွေက ပူးပေါင်းစစ်သားတွေ ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပြီး၊ လက်ရှိမှာ စစ်ကြောင်း ၃ ကြောင်း ပေါင်းမိကာ စစ်ကောင်စီတပ်သား အင်အား ၃၀၀ ခန့် ရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်ကလည်း စစ်ကိုင်းမြို့နယ်၊ သုံးဆယ်‌ဘေးကျေးရွာမှ ကုန်းတန်းလေးကျေးရွာကို မောင်းနှင်သွားတဲ့ စစ်ကားကို ကုန်းတန်းလေးကျေးရွာတောင်ဘက်မှာ တောကြီးမြွေပွေးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်သား ၆ ဦး သေဆုံးတယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10