သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်းကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်သားတွေက ဒီဇင်ဘာ ၃၁ ရက် ဒီနေ့မနက်ပိုင်းမှာ ဥဒိန်ကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့ရာ နေအိမ် ၄၉ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
ဒီနေ့မနက် ၇ နာရီလောက်ကစပြီး ဥဒိန်ကျေးရွာကို နေရာ ၆ နေရာခွဲပြီး မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။
ဒေသခံတဦးကရဲ့ပြောကြားချက်အရ ပင်းယရွာဘက်ကနေ စစ်အင်အား ၅၀ ခန့်ပါတဲ့ စစ်ကြောင်းက ဥဒိန်ကျေးရွာအနီးမှာ တိုက်ခိုက်ခံရတာကြောင့် ခုလို ရွာကိုမီးရှို့ဖျက်ဆီးသွားတာလို့ သိရပါတယ်။
လက်ရှိမှာ အဲ့ဒီစစ်ကြောင်းက ဥဒိန်ကျေးရွာကိုမီးရှို့ပြီး ရွာထဲက ကားတစီးကိုယူကာ မတ္တရာမြို့ဘက်ကို ပြန်ထွက်သွားတယ်လို့သိရပါတယ်။
ဒီဇင်ဘာ ၃၀ ရက် မနေ့ကလည်း မတ္တရာမြို့ဘက်ကထွက်လာတဲ့ စစ်ကားတစီးဟာ ရှမ်းမြောင်းကျေးရွာ က ပြည်သူ ၆ ဦးကို ပစ်သတ်ခဲ့ပြီး အလောင်းတွေကိုပါ ယူသွားတယ်လို့ သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#မန္တလေး #မတ္တရာ #စစ်ကောင်စီ #မီးရှို့ #သတင်း #မြေလတ်သတင်း
Share Share Share