မန္တလေးမှာ လူငယ် ၁ ဦး ဆိုင်ကယ်မောင်းနေချိန် သေနတ်နဲ့ ပစ်ခံရလို့ သေဆုံး

မန္တလေးမှာ လူငယ် ၁ ဦး ဆိုင်ကယ်မောင်းနေချိန် သေနတ်နဲ့ ပစ်ခံရလို့ သေဆုံး

မန္တလေးတိုင်း​ဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ ၁၀ လမ်း၊ ၆၂လမ်း ထောင့်မှာ လူငယ် ၁ ဦး ဆိုင်ကယ်မောင်းနေချိန် သေနတ်နဲ့ ပစ်ခံရလို့ သေဆုံးသွားတယ်လို့ သိရပါတယ်။

 

မတ်လ၂ရက် ဒီနေ့ နေ့လည် ၁ နာရီခွဲခန့်မှာ ပုသိပ်ကြီးမြို့နယ်၊ မြို့မရပ်ကွက်၊ အောင်မင်္ဂလာရပ်နေ မောင်အောင်မျိုးမြတ် ၂၀ နှစ်ဟာ ဆိုင်ကယ်မောင်းလာချိန် အနောက်ကနေ ဆိုင်ကယ်နဲ့လိုက်လာတဲ့ လူငယ် ၂ ဦးက အနားကပ် ပစ်ခတ်သွားတာ ဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"ပထမ သိရတာက ယာဥ်တိုက်မှုဖြစ်လို့ လူငယ် ၁ ဦး လမ်းဘေးလဲကျ သေဆုံးတယ်ဆိုပြီး သိရတယ်။ နောက်မှ မဟုတ်ဘဲ သေနတ်ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်ဆိုတာ သိရတာ။ သေသွားတာကတော့ လူငယ်ပိုင်းပဲ။ သူအချက်အလက်ကတော့ နည်းနည်းပဲ သိရတယ်။ သူက လက်ရှိကျောင်းတက်နေသူလို့လည်း ပြန်ကြားမိတယ်။ သူဘာလုပ်လဲဆိုတာတော့ ​​မသိရဘူး" လို့ ပြောပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခံရလို့ မောင်အောင်မျိုးမြတ်ဟာ ယာနားအောက် ဖောက်ဝင်ဒဏ်ရာ ၁ ချက် ရရှိပြီး နေရာမှာပဲ သေဆုံးသွားခဲ့ပြီး အလောင်းကိုတော့ လူမှုကူညီရေးအသင်းတွေက မန္တလေးပြည်သူ့ဆေးရုံကို သယ်သွားတယ်လို့ သိရပါတယ်။

ဒေသခံတွေကတော့ အဲဒီပစ်ခတ်မှုဟာ စစ်ကောင်စီဘက်က လုပ်တာဖြစ်နိုင်ပြီး PDF နဲ့ ပြည်သူတွေကို သွေးခွဲအောင်လုပ်တာ ဖြစ်နိုင်တယ်လို့ ဆိုထားသလို စစ်ကောင်စီထောက်ခံ
တယ်လီဂရမ် ချန်နယ်တွေမှာတော့ သေဆုံးသူ လူငယ်ဟာ PDF ၁ ဦး ဖြစ်ပြီး PDF အချင်းချင်း အဝေမတည့်ဖြစ်ရာမှ ပစ်ခတ်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

မန္တလေး UG အဖွဲ့တစ်ခုဖြစ်တဲ့ အောင်စည်တော်စစ်ဆင်ရေးအဖွဲ့ကို အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ပေမယ့် မသိရသေးဘဲ ဘယ်အဖွဲ့က ဘာကြောင့်လုပ်တယ်ဆိုတာ စုံစမ်းနေဆဲလို့ဆိုပါတယ်။

ဇန်နဝါရီလ ၃၁ ရက်က ပုသိမ်ကြီးမြို့နယ်၊ နန္ဒာတောင်ကျေးရွာနဲ့ မန္တလေး-မတ္တရာသွားကားလမ်းကြားမှာ မင်္ဂလာဆောင်က ပြန်လာတဲ့ အမျိုးသမီးငယ် ၂ ဦး ပစ်ခံရလို့ ၁ ဦး သေဆုံးသွားတယ်လို့ သိရပြီး သေဆုံးသူဟာ ဒလန်ဖြစ်တာကြောင့် ရှင်းလင်းရတာဖြစ်တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တစ်ခုက ထုတ်ပြန်ထားပါတယ်။

စာတည်း - ဇို
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10