မန္တလေး-ရွှေဘိုလမ်းပိုင်းမှာမိုင်းကွဲလို့ ရဟန်း ၁ ပါးအပါအဝင် ၇ ဦးဒဏ်ရာရ

မန္တလေး-ရွှေဘိုလမ်းပိုင်းမှာမိုင်းကွဲလို့ ရဟန်း ၁ ပါးအပါအဝင် ၇ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တဂဏန်းကျေးရွာနဲ့ဇီးတောကျေးရွာအကြား မန္တလေး-ရွှေဘိုကားလမ်းမပေါ် မှာ ကား ၃ စီးနဲ့ဆိုင်ကယ် ၁ စီးမိုင်းထိလို့ ရဟန်း ၁ ပါးအပါအဝင် ၇ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၂၅ ရက် ညနေ ၃ နာရီခွဲခန့်မှာ မန္တလေးဘက်ကနေ ရွှေဘိုဘက်ကိုမောင်းနှင်လာတဲ့ ခရီးသည်တင်ကား ၂ စီး၊ ကုန်တင်ကား ၁ စီးနဲ့ ဆိုင်ကယ် ၁ စီး မိုင်းထိခဲ့တာလို့ ဒေသခံတဦးက မြေလတ်အသံကိုပြောပါတယ်။

"မိုင်းက တနေရာထဲထိတာတော့ မဟုတ်ဘူး ။ အဲ့ဒီလမ်းပိုင်းပေါ် အကွာအဝေးသိပ်မကွာတဲ့နေရာ ၃ ခုမှာ မိုင်းထိတာ။ လမ်းဘေးမှာရှိနေတဲ့ မိုင်းတွေကနေ ကားတွေ၊ဆိုင်ကယ်တွေဖြတ်တဲ့အချိန် ထကွဲတာဖြစ်ပါတယ်။ စုစုပေါင်းထိတာက ကား ၃ စီးနဲ့ ဆိုင်ကယ် ၁ စီးပါ"လို့ ပြောပါတယ်။


မိုင်းပေါက်ကွဲမှုကြောင့် ဆိုင်ကယ်စီးနင်းသူ အသက် ၆၀ အရွယ် အမျိုးသား ၁ ဦး၊ ဒို့လူပျိုခရီးသည်တင်ကား၊ အောင်ရတနာခရီးသည်တင်ကားတွေနဲ့လိုက်ပါလာတဲ့ သံဃာတော် ၁ ပါး၊ အမျိုးသမီး ၂ ဦး၊ အမျိုးသား ၂ ဦး၊ ကုန်တင်ကားနဲ့လိုက်ပါလာသူအမျိုးသား ၁ ဦး ဒဏ်ရာရရှိခဲ့ပြီး ရွှေဘိုဆေးရုံကြီးကို ပို့ဆောင်ကုသနေကာ စိုးရိမ်ရလူနာ ၂ ဦးကို မန္တလေးဆေးရုံကို လွှဲပြောင်းဖို့လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

လမ်းပိုင်းမိုင်းပေါက်ကွဲတာနဲ့ပတ်သက်လို့ ထုတ်ပြန်ပြောဆိုထားတာမျိုးမရှိသလို ဘယ်အဖွဲ့အစည်းရဲ့ လက်ချက်ဖြစ်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

ဇန်နဝါရီလ ၃၁ ရက်ကလည်း တဂဏန်းကျေးရွာအနီး အဲ့ဒီလမ်းပိုင်းပေါ်မှာဘဲ သားအဖ ၂ ဦး ဆိုင် ကယ်စီးနင်းလာချိန် မိုင်းပေါက်ကွဲခဲ့လို့ ၂ ဦးစလုံးဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10