မိုင်းဆင်ဖို့သွားတဲ့ PDF တွေ စစ်ကောင်စီတပ်နဲ့တိုးပြီး ပစ်ခံရလို့ ၃ ဦး ကျဆုံး

မိုင်းဆင်ဖို့သွားတဲ့ PDF တွေ စစ်ကောင်စီတပ်နဲ့တိုးပြီး ပစ်ခံရလို့ ၃ ဦး ကျဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကြန်ဆိပ့်ကျေးရွာအနီးမှာ မိုင်းဆင်ဖို့သွားတဲ့ PDF တွေ စစ်ကောင်စီတပ်နဲ့တိုးပြီး ပစ်ခံရလို့ ၃ ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၂၂ ရက်မနေ့ကမနက် ၁၁ နာရီလောက်မှာ မိုင်းဆင်ဖို့ကားနဲ့သွားတဲ့ ပခုက္ကူအခြေစိုက် ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့တခုဖြစ်တဲ့ Young Force အဖွဲ့ဝင်တွေကို ကြန်ဆိပ့်ကျေးရွာအနီး ကင်းပုန်းဝပ်နေတဲ့စစ်ကောင်စီတပ်တွေက အရင်တွေ့ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ Young Force အဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။

"ဖြစ်စဥ်က ဟုတ်တယ်။ ကလေးတွေက မိုင်းဆင်ဖို့သွားတာ။ စစ်ကောင်စီကင်းပုန်းနဲ့တွေ့ပြီး ပစ်ခတ်ခံရတာ။ သွားတာက ၅ ဦးပါ။ ကျဆုံးကလေးတွေရဲ့အလောင်းကို စစ်ကောင်စီဘက်က ကားနဲ့အတူ မီးရှို့ခဲ့တာ။ မီးရှို့ခံထားရတဲ့ အလောင်းကိုဘဲ ကောက်လာပြီး နာရေးလုပ်ဖို့ ပြင်နေပါတယ်"လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ရဲ့ ပစ်ခတ်တာကိုခံရလို့ ကားပေါ်ပါ Young Force အဖွဲ့ဝင် ၅ ဦးအနက် ၃ ဦး ကျဆုံးခဲ့ကာ ၂ ဦးမှာ ဒဏ်ရာရပြီး လုံခြုံတဲ့နေရာကို ပြန်ရောက်ပြီလို့ ဆိုပါတယ်။ 

ကျဆုံးရဲဘော်တွေဟာ အသက် ၁၉ နှစ်နဲ့ ၂၀ နှစ် ဝန်းကျင်တွေဖြစ်ပြီး နာမည်နဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ လုံခြုံရေးအရ ထည့်သွင်းပြောကြားခဲ့တာမျိုး မရှိပါဘူး။ 

အဲဒီအပြင် အဖွဲ့ဝင်တွေကိုင်ဆောင်ခဲ့တဲ့ သေနတ် ၂ လက်၊ လက်လုပ်မိုင်းကြီး ၄ လုံးနဲ့ ကားတစီးလည်း ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။ 

ရေစကြိုနယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအကြား မကြာခဏ တိုက်ပွဲဖြစ်နေပြီး နှစ်ဖက်ထိခိုက်တာတွေ ရှိနေတာပါ။

ဒီဇင်ဘာလ ၁၈ ရက်ညနေပိုင်းကလည်း ရေစကြိုမြို့နယ်၊ ကျောက်ထပ်ကျေးရွာအနီးက PDF အဖွဲ့တခုရဲ့ လေ့ကျင့်ရေးနေရာဟောင်းကို စစ်ကောင်စီတပ်ကဝင်သိမ်းပြီး လက်လုပ်သေနတ်တွေကိုပါ သိမ်းဆည်းသွားခဲ့ပါသေးတယ်။ 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10