သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် မြောက်ဘက်ပိုင်းကို ဝင်ရောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းထောင်ပြီးအပြန်မှာ ခြုံခိုတိုက်ခိုက်ခံရလို့ ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး ကျဆုံးသွားတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက်နေ့ မနေ့က မနက်ပိုင်းမှာ စစ်ကောင်စီစစ်ကြောင်း ၂ ကြောင်း ခွဲထွက်လာတာကို ဆိပ်ဖြူမြို့မြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မသိရှိဘဲ မိုင်းထောင်ပြီး ပြန်လာစဉ် ခြုံခိုတိုက်ခိုက်ခံရပြီး အသက် ၂၁ အရွယ် ရဲဘော်ကျားလေးဟာ သွေးထွက်လွန်ပြီး ကျဆုံးသွားခဲ့တယ်လို့ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ခံဆရာ ဒေးဗစ်က မြေလတ်အသံကို ပြောပါတယ်။
"ရဲဘော်တွေက ရှေ့ကနေ ကင်းစောင့်နေတယ်။ မိုင်းတွေကို စောင့်နေတယ်။ မိုင်းလမ်းကြောင်းက လွဲသွားတော့ နောက်ထပ်လမ်းကြောင်း တကြောင်းကနေ သူတို့(စစ်ကောင်စီ) ရှေ့တိုးလာမှာသိလို့ အခြားလမ်းမှာ ရဲဘော် ၇ ယောက်က မိုင်းထောင်ပြီး အပြန် ပစ်ခတ်ခံလိုက်ရတယ်" လို့ ဆိုပါတယ်။
ခြေထောက်ထိမှန်သွားတဲ့ ရဲဘော်ကျားပေါက်ကို တပ်ရင်းတပ်ဖွဲ့တွေကလည်း ၂ ဘက် ညှပ်ပြီး သွားရောက်ကယ်ခဲ့ပေမဲ့လည်း အချိန်နောက်ကျသွားတဲ့အတွက် အသက်ကို မမှီလိုက်ဘူးလို့လည်း တာဝန်ခံဆရာဒေးဗစ်က ဆက်ပြောပါတယ်။
"၇ ယောက်မှာ ၆ ယောက်က လွတ်မြောက်လာပြီး သူကတော့ ခြေထောက်ကျည်ထိမှန်လို့ကျန်ခဲ့တယ်။ ကျန်ခဲ့တော့ သူ့ဆီကနေ ဖုန်းနဲ့ဆက်သွယ်လာတယ်။ လာကယ်ပေးဖို့ ပြောတော့ ကျတော်တို့တပ်ရင်းတပ်ဖွဲ့တွေ ကြိုးစားပြီးတော့ ကယ်ခဲ့တယ်။ ဒါပေမဲ့မမှီလိုက်ဘူး" လို့ ဆိုပါတယ်။
သေဆုံးသွားတဲ့ ရဲဘော်ကျားပေါက်ကို ညတွင်းချင်းမှာပဲ သူ့ရဲ့ဇောတိမြေကို ပြန်လည်ခေါ်ဆောင်သွားပြီး မီးရှို့သဂြိုလ်လိုက်တယ်လို့ ဆိုပါတယ်။
ခြုံခိုတိုက်ခိုက်ခဲ့တဲ့ စစ်ကြောင်းဟာ ဖေဖော်ဝါရီ ၂၃ ရက်နေ့ မနက် ၉ နာရီလောက်မှာ ဆိပ်ဖြူမြို့ မြောက်ဘက်မှာရှိတဲ့ တောင်ရွာမရွာထဲကို ဝင်ခဲ့ပြီး စိုက်ခင်းနဲ့ သံပုရာပင်ကြားကတောမှာ ပုန်းခိုနေခဲ့ကာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မနက် ၆ နာရီလောက်မှာတော့ တပ်မရွာက ကာကွယ်ရေး ကင်းပွိုင့်ကို ဝင်စီးခဲ့ပြီး ကင်းပွိုင့်မှကျန်ခဲ့တဲ့ ဆိုင်ကယ်နဲ့ ပစ္စည်းတချို့ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ အဲဒီစစ်ကြောင်း ၂ ကြောင်းဟာ ပေါင်းစည်းလိုက်ပြီး ဆိပ်ဖြူအစပ် ပခုက္ကူမြို့နယ်ဘက်မှာ ရှိတဲ့ စညောင်းရွာရဲ့အနောက်ဘက် ဒဟက်တော်ထဲမှာ ရှိနေတယ်လို့ သိရပါတယ်။
#မြေလတ်အသံ
Share Share Share