မိုးခေါ်လွန်ဆွဲပွဲတွေနဲ့ တောင်သူတွေ ပျော်နိုင်ပါ့မလား

မြန်မာနိုင်ငံမှာ ဇွန်၊ ဇူလိုင် ဆိုတာနဲ့ တဖွဲဖွဲမစဲအောင်ရွာနေတဲ့ မိုးရေစက်တွေကို ပြေးမြင်မိကြပါလိမ့်မယ်။ ဒါပေမယ့်လည်း အညာမှာတော့ မိုးရေစက်တွေအစား ဖုန်တထောင်းထောင်းနဲ့ ယာမြေကျစ်ကျစ်တွေကိုပဲ လက်ရှိမှာ မြင်ကြရပါသေးတယ်။ 

ပူပြင်းလှတဲ့ အညာမှာ ဒုတိယဝါဆို လဆန်းတိုင်အောင် မိုးရွာသွန်းတာ မရှိသေးပါဘူး။ အညာတခွင်က ကုန်းခေါင်ခေါင်ပေါ် ရေနံတွင်းတွေ တထောင်ထောင်ရှိနေတဲ့ ရေနံချောင်း မြို့နယ်လေးမှာလည်း မိုးခေါင်လျှက်ပါပဲ။ 

ရွာချိန်ကျော်လွန်ခဲ့သည့်တိုင် မရွာနိုင်သေးတဲ့ မိုးကိုခေါ်ဖို့ ဒေသခံတောင်သူတွေက လွန်ဆွဲပွဲတွေ လုပ်လာကြပါတော့တယ်။ ဒီဓလေ့ကတော့ ရိုးရာယုံကြည်မှုတခုသာ ဖြစ်ပေမယ့် လွန်ဆွဲပြီးတဲ့အချိန်တိုင်းမှာလည်း မိုးရွာခဲ့တဲ့သာဓကတွေ ရှိခဲ့ဖူးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ လွန်ဆွဲပွဲရဲ့ အဓိကအနှစ်သာရကတော့ လွန်ကြိုးပြတ်မှ မိုးရွာမှာဖြစ်တယ်လို့ ဒေသခံတွေက ယုံကြည်တာပါ။

လွန်ဆွဲပွဲတွေကို မြန်မာနိုင်ငံဒေသအများအပြားမှာ ပြုလုပ်လေ့ရှိကြပြီး အဓိကအားဖြင့်တော့ မိုးခေါင်ရေရှားအရပ်တွေမှာ လုပ်ကြပါတယ်။ မိုးကောင်းလေ့ရှိတဲ့ ဒေသတွေမှာလည်း မိုးရွာသွန်းတာ မရှိချိန်မျိုးမှာ လုပ်လေ့လုပ်ထရှိပါသေးတယ်။

ရင်းမချောင်းရွာလေးမှာ မိုးခေါ်လွန်ဆွဲပွဲကို ဇူလိုင်ထဲမှာ နှစ်ကြိမ်တိုင်တိုင် ပြုလုပ်ပြီးခဲ့ပါပြီ။ အဲဒီဒေသရဲ့ ဝါဆိုပဲလို့ ခေါ်တဲ့ ဝါဆိုလမှာ အများအပြားစိုက်တဲ့ မြေပဲစိုက်ပျိုးချိန်လည်း ရောက်ရှိနေပါပြီ။ ဝါဆိုပဲကတော့ ဒေသခံတွေအတွက် အဓိကမျှော်လင့်ချက်ပါ။ မိုးကတော့အခုချိန်ထိ ရွာသွန်းတာ မရှိသေးသလို ဖုန်တထောင်းထောင်းနဲ့ ယာမြေတွေလည်း ကျစ်နေဆဲလို့ ဆိုရပါတော့မယ်။

Script - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မိုးခေါ်လွန်ဆွဲပွဲ #ရေနံချောင်း #မိုးခေါင် #တောင်သူ #ယာမြေ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10