မိုးဆက်တိုက်ရွာလို့ ရေကြီးပြီး ကျားသစ်နက်တပ်မတော်ရဲ့ ခဲယမ်းပစ္စည်းတွေဆုံးရှုံး (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စက်တင်ဘာ ၆ ရက် ဒီကနေ့ မနက် ၃ နာရီခွဲက မိုးသည်းထန်စွာရွာပြီး ပခုက္ကူခရိုင် အမှတ် ၁၅ တပ်ရင်း၊ ကျားသစ်နက်တပ်မတော်ရဲ့ အထိုင်စခန်းအတွင်းကို ရေတွေဝင်လာလို့ လက်နက်ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတွေ ဆုံးရှုံးသွားတယ်လို့ အဲ့ဒီအဖွဲ့တာဝန်ခံဆီက သိရပါတယ်။ 

ဒီကနေ့ မနက်အစောပိုင်း ၃ နာရီခွဲကနေ ၆ နာရီအထိ မိုးအဆက်မပြတ်ရွာပြီး ရေတက်လာတာကြောင့် ကျားသစ်နက်တပ်မတော် အထိုင်စခန်းမှာရှိတဲ့ ပွိုင့်ဖိနပ် ၁၈ ရံ၊ Equipment နဲ့ ကျည်ကာပြား ၈ စုံအပြင် လက်နက်ခဲယမ်းတချို့လည်း ရေနဲ့မျောပါပြီး ကာလတန်ဖိုး သိန်း ၁၇၀ ကျော်ခန့် ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စခန်းအတွင်းပြန်လည်နေထိုင်လို့ မရသေးတာကြောင့် ကုန်းမြင့်နေရာတွေကို‌ရွှေ့ပြောင်းနေထိုင်နေရတယ်လို့လည်း ကျားသစ်နက်တပ်မတော်ရဲ့တာဝန်ခံက ပြောပါတယ်။

စာတည်း - ဈာန်မြင့်၊ တည်းဖြတ် - HP

#မြေလတ်အသံ

#မကွေး #မြိုင် #ရေကြီး #လက်နက်ခဲယမ်း #ဆုံးရှုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10