မိုးညိုမှာ စစ်မှုထမ်းစာရင်းပါသူတွေကို စစ်တပ်က ရုတ်တရက်လာရောက်ခေါ်ဆောင်

မိုးညိုမှာ စစ်မှုထမ်းစာရင်းပါသူတွေကို စစ်တပ်က ရုတ်တရက်လာရောက်ခေါ်ဆောင်

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းစာရင်းကောက်ထားတဲ့လူငယ်တွေကို ဆေးစစ်ရန်ဆိုတဲ့အကြောင်းပြချက်နဲ့ ရုတ်တရက်လာရောက်ခေါ်ဆောင်သွားကြတယ်လို့ သိရပါတယ်။ 

ဧပြီ ၁၈ ရက် နေ့လယ်ပိုင်းလောက်မှာ စစ်မှုထမ်းစာရင်းထဲပါသူတွေကို အုပ်ချုပ်ရေးမှူးက ဆိုင်ကယ်နဲ့ လိုက် ခေါ်ပြီး ရဲစခန်းမှာလူစုကာ စာရင်းပါသူတွေလူစုံသွားတဲ့အခါမှာတော့ စစ်သားတွေက မှန်လုံကားတွေနဲ့ လာရောက်ခေါ်ဆောင်သွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

မတ်လကတည်းက မိုးညိုမြို့နယ်ထဲက ကျေးရွာအုပ်စုတိုင်းမှာ အုပ်စုတစုကို လူ ၃ ယောက်နှုန်းနဲ့ မှတ်ပုံတင်ခိုင်းထားတာဖြစ်ပြီး အခုအခါမှာ စာရင်းပါသူတွေကိုအကြောင်းကြားခြင်းမရှိဘဲ ချက်ချင်းခေါ်ယူသွားတာဖြစ် တယ်လို့ ဆိုပါတယ်။ 

လက်ရှိအချိန်မှာ စစ်မှုထမ်းစာရင်းပါသူ အယောက် ၃၀ ကို မိုးညိုမြို့နယ်ထွေအုပ်ရုံးထဲမှာ ခေါ်ဆောင်ထားပြီး အများစုဟာ ငွေကြေးမတတ်နိုင်သူတွေဖြစ်တယ်လို့ သိရပါတယ်။ 

"ကျန်းမာရေး မကောင်းသူရော၊ မိဘလုပ်ကျွေးနေရသူရော၊ အိမ်ထောင်သည်တွေပါ ပါတယ်။ သူတို့စာရင်းထဲပါတဲ့သူဆို ဘာကြီးနေနေအကုန်ခေါ်တာ။ ခေါ်ယူထားသူတွေအကုန်က မရှိဆင်းရဲသားနင်းပြားတွေချည်းပါပဲ။ ထွေအုပ်ရုံးထဲမှာ မိဘတွေ၊ ဇနီးမယားနဲ့ အိမ်ထောင်သည်တွေဆို ငိုယိုနေကြတာ ဆူညံနေကြတာပါပဲ" လို့ မိုးညိုမြို့နယ် ဒေသခံတဦးကပြောပါတယ်။ 

ပဲခူးတိုင်းအနောက်ခြမ်းက မင်းလှမြို့နဲ့ ပေါင်းတည်မြို့တို့မှာလည်း မြို့ပေါ်ရပ်ကွက်တွေက စစ်မှုထမ်းစာရင်း ပါဝင်သူတွေကို လာရောက်ခေါ်ဆောင်တာတွေရှိနေတယ်လို့ သိရပါတယ်။

ပုံစာ - စစ်မှုထမ်းစာရင်းပါသူများ စောင့်ဆိုင်းနေကြစဉ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #သာယာဝတီခရိုင် #မိုးညိုမြို့ #စစ်မှုထမ်း #မြို့နယ်ထွေအုပ်ရုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10