မိုးသက်လေပြင်းကျလို့ MRF စခန်းထဲက အဆောင်တချို့ပျက်စီး

မိုးသက်လေပြင်းကျလို့ MRF စခန်းထဲက အဆောင်တချို့ပျက်စီး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ မေ ၁ ရက်ညနေပိုင်းမှာ မိုးသက်လေပြင်းကျတာကြောင့် Monywa Revolution Force စခန်းက အဆောင်တချို့ပျက်စီးသွားခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။ 

မနေ့က ညနေ ၅ နာရီလောက်မှာ မိုးသည်းထန်စွာရွာပြီး လေးပြင်းတွေတိုက်တဲ့အတွက် မုံရွာမြို့နယ်ထဲက ဒေသခံနေအိမ် အဆောက်အဦတော်တော်များများ ပျက်စီးကြသလို MRF စခန်းထဲက ဘားတိုက် ၁ ဆောင်၊ စားဖိုးဆောင် ၁ ခုနဲ့ ရေချိုးစင် ၁ ခု ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

"ညပိုင်း ၆ နာရီလောက်အထိ တိုက်တာ။ လေက တအားပြင်းတယ်။ သစ်ပင်တွေ အမြစ်ကနေလဲတဲ့အပင်တွေ အများကြီးပဲ။ လူထိခိုက်တာတော့ မရှိဘူး။ ဒီမနက်‌‌တော့ ပြန်လည်ရှင်းလင်းရေး လုပ်နေပါပြီ” လို့ Monywa Revolution Force တပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

လေပြင်းတိုက်ခတ်ချိန် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာ စခန်းအနီးက ကျေးရွာထဲမှာ ခေတ္တခဏ သွားရောက်နေထိုင်ကြရပြီး လေငြိမ်သွားတဲ့အခါမှ စခန်းထဲကို ပြန်လည်နေထိုင်ကြရတယ်လို့ ဆိုပါတယ်။ 

‌စခန်းထဲက ပျက်ဆီးသွားတဲ့အဆောက်အဦတွေ‌ကိုတော့ ရှင်လင်းရေးအနေနဲ့သာ လုပ်ဆောင်ထားပြီး ပြန်လည်ပြုပြင်ဖို့က ရန်ပုံငွေနည်းနေသေးတဲ့အတွက် အသစ်ပြန်လည်တည်ဆောက်ဖို့ မဖြစ်နိုင်သေးဘူးလို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ မတ် ၂၂ ရက်ကလည်း လေပြင်းမုန်းတိုင်းကျလို့ MRF စခန်းက အဆောက်အဦအချို့ ပျက်ဆီးသွားတဲ့အတွက် အသစ်ပြန်လည်ဆောက်လုပ်ခဲ့ရသေးတယ်လို့ Monywa Revolution Force တပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #MRF #စခန်းပျက်စီး #မိုးသက်လေပြင်း #သဘာဝဘေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10