မိုးသည်း လေပြင်းတိုက်လို့ CGF တပ်ဖွဲ့ ရိက္ခာတဲပြိုကျ၊ မိုးကာလအတွက် စုပုံရိက္ခာတွေဆုံးရှုံး

မိုးသည်း လေပြင်းတိုက်လို့ CGF တပ်ဖွဲ့ ရိက္ခာတဲပြိုကျ၊ မိုးကာလအတွက် စုပုံရိက္ခာတွေဆုံးရှုံး

မကွေးတိုင်း၊ ချောက်မြို့နယ်အခြေပြု Chauk Guerrilla Force - CGF စခန်းရဲ့ရိက္ခာတဲပြိုကျပြီး ရိက္ခာဆန်အိတ်တွေအပါအဝင် စားသောက်ကုန်ပစ္စည်းအများအပြား ဆုံးရှုံးသွားတယ်လို့ အဲ့ဒီအဖွဲ့တာဝန်ခံဆီက သိရပါတယ်။

မေလကုန်ပိုင်းက တိုက်ခတ်ခဲ့တဲ့မုန်တိုင်းအရှိန်ကြောင့် ချောက်မြို့နယ်အတွင်းမှာ မိုးသည်းထန်စွာရွာသွန်းတာ၊လေပြင်းတိုက်ခတ်တာတွေကြောင့် တပ်ဖွဲ့ရိက္ခာတဲပြိုကျသွားပြီး၊ တဲအတွင်းက မိုးတွင်းကာလအတွက် စုဆောင်းထားတဲ့ ရိက္ခာတွေ ရေစိုပျက်စီးကာ ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

“ ဆန်အိတ် ၂၀ ကျော်ရယ် ကုလားပဲ၊ ကြာဆံ၊ ငရုတ်သီး၊ ငပိ၊ ဆား၊ အရောင်တင်မှုန့်ကအစ အကုန်လုံးဆုံးရှုံးသွားပါတယ်။ ငွေကျပ်သိန်း ၂၀ ကျော်ဖိုး လောက်ရှိမယ်။ လတ်တလော ကျနော်တို့ ရဲဘော်၊ရဲမေတွေမှာ ရေစိုဆန်ပဲ ချက်ပြုတ်စားသောက်နေရတယ်”  Chauk Guerrilla Force - CGF တာဝန်ခံ ကိုဘကွန်းက ပြောပါတယ်။

အခုလို ရိက္ခာဆန်နဲ့စားကုန်ပစ္စည်းတွေ ဆုံးရှုံးသွားတာကြောင့် မကြာမီရောက်ရှိမယ့် မိုးတွင်းကာလမှာ တပ်ဖွဲ့စားဝတ်နေရေးအတွက် ပြည်သူတွေကိုပဲ အားကိုးပြီးရပ်တည်ရဖို့ မျှော်လင့်တယ်လို့ သူက ဆိုပါတယ်။

Chauk Guerrilla Force - CGF အဖွဲ့ဟာ မကွေးတိုင်းအတွင်း စစ်ကောင်စီကိုတော်လှန်တိုက်ခိုက်နေတာ ၂ နှစ်ကျော်ရှိပြီဖြစ်ပြီး အမျိုးသမီးတွေအပါ တပ်ဖွဲ့ဝင်အင်အား ၁၀၀ ခန့် ရှိတယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ချောက် #CGFတပ်ဖွဲ့ #ရိက္ခာတဲ #ပြိုကျမှု #စုပုံရိက္ခာ #ဆုံးရှုံးမှု #သတင်းတို

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10