မီးကြိုးပြင်ဖို့ လုံခြုံရေးလာပေးတဲ့ စစ်သားတွေ မိုင်းဆွဲခံရလို့ သေဆုံးမှုရှိဟုဆို (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်း နဖူးအိုင်နဲ့ မြို့သာကြားမှာ မီးကြိုးပြင်ဖို့ လုံခြုံရေးလာပေးတဲ့စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်သား ၃ ဦးသေဆုံးခဲ့တယ်လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့ - မြင်းခြံဆီက သိရပါတယ်။

စက်တင်ဘာ ၁ ရက်မှာ မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် မင်းနေကုန်းရဲစခန်းဘက်ကို ဆက်သွယ်ထားတဲ့ မီးကြိုးပြတ်သွားတာကို လာပြင်ဖို့အတွက် စက်တင်ဘာ ၁၀ ရက်မှာ စစ်တပ်ကလုံခြုံရေးယူဖို့ ကင်းပုန်းလာချစဥ် မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ၃ ဦး သေဆုံးခဲ့တယ်လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့ - မြင်းခြံရဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။

စက်တင်ဘာ ၁၂ ရက်မှာတော့ စစ်ကောင်စီတပ်က စစ်ကား ၂ စီးနဲ့ မင်းနေကုန်းကျေးရွာရဲစခန်းကို အင်အားတွေထပ်ဖြည့်ထားတယ်လို့လည်း သိရပါတယ်။

ဒီနေ့မှာတော့ မြင်းခြံမြို့နယ်မှာ မိုးသည်းထန်စွာရွာနေပြီး တိုက်ပွဲအခြေအနေကတော့ ငြိမ်သက်နေတယ်လို့သိရပါတယ်။

သတင်း - အမရာ၊ တည်းဖြတ် - HP

#မြေလတ်အသံ

#မန္တလေး #မြင်းခြံ #စစ်တပ် #မိုင်းဆွဲတိုက်ခိုက် #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10