သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း မြိုင်မြို့နယ်အတွင်းမှာ စစ်ကောင်စီမီးရှို့တာခံရပေမယ့် တော်လှန်ရေးမှာ အသုံးပြုဖို့အတွက် ရွှေထည်တွေနဲ့ ငွေသားအချို့ကို မြိုင်PDF ဆီမှာ လာလှူသွားကြတယ်လို့ သိရပါတယ်။
မြိုင်မြို့နယ်ထဲက မီးရှို့ခံရတဲ့ ရွာ ၂ရွာက ပြည်သူတွေက PDF တွေ တော်လှန်ရေးမှာ အသုံးပြုဖို့ စုပေါင်းပြီး လာလှူကြတာဖြစ်တယ်လို့ မြိုင် PDF က ဗိုလ်လက်ယာက ပြောပါတယ်။
"စစ်တပ်ကမီးရှို့တဲ့ရွာတွေက ဒေသခံပြည်သူတွေက စိတ်ဓါတ်ပြင်းပြတယ်၊ကျနော်တို့နဲ့လည်းပူးပေါင်းတယ်၊သူတို့ကလည်း နားကပ်တွေချွပ်လှူတယ်၊ကျနော်တို့ကလည်းဝါး၊သစ်၊မျှောတွေပြန်ပို့ပေးတယ်၊လက်နက်ဝယ်ဖို့အတွက် ဒေသခံပြည်သူတွေက ရွှေ၊ငွေအကုန်လှူကြတယ်" လို့ ပြောပါတယ်။
ဒေသခံတွေလှူဒါန်းခဲ့တဲ့ ရွှေနားကပ်နဲ့ အလှူပစ္စည်းတွေကို ၇၇ သိန်းနဲ့ လာဝယ်သွားခဲ့ပြီး ငွေသား ၂၂သိန်းနဲ့ စုစုပေါင်း ၈၉သိန်းနီးပါး တော်လှန်ရေးအတွက် အထောက်အပံ့ရရှိခဲ့တယ်လို့ ပြောပါတယ်။
#မြေလတ်အသံ
Share Share Share