မုန်းမြို့က တပ်ရင်း ၂ခုကို KNLA နဲ့ PDF တို့ သိမ်းပိုက်

မုန်းမြို့က တပ်ရင်း ၂ခုကို KNLA နဲ့ PDF တို့ သိမ်းပိုက်

ပဲခူးတိုင်း မုန်းမြို့နယ် အခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်ရင်းတွေဖြစ်တဲ့ တပ်ရင်း ၅၉၉ နဲ့ ၅၉၀ တို့ကို ဒီနေ့ နေ့လယ်ပိုင်းမှာ KNLA နဲ့ PDF အပါအဝင် ပူးပေါင်းတပ်တွေက သိမ်းနိုင်ခဲ့ပြီလို့ ဒေသခံတွေဆီက သိရပါတယ်။
 
"တိုက်နေတာက ၃၀ ရက်နေ့ကတည်းကစတိုက်နေတာ။ ဒီနေ့မှ တပ်ရင်းတွေကျတာ" လို့ ဒေသခံတဦးက ပြောပါတယ်။
 
KNU တပ်မဟာ ၃နယ်မြေ မုန်းမြို့နယ်ထဲက တပ်ရင်း ၂ခုအပြင် မြို့မရဲစခန်းတွေကိုပါ တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီးဖြစ်ပေမယ့် အသေးစိတ်အချက်အလက်တွေကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။
 
မုန်းမြို့က တိုက်ပွဲနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေဘက်ကတော့ တစုံတရာထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
 
ပုံစာ - မုန်းမြို့တိုက်ပွဲတနေရာတွင် တွေ့ရသော KNLA တပ်သားများ။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10