မုန်းမြို့သိမ်းတိုက်ပွဲမှာ လက်နက်ချခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ မှတ်တမ်းဓာတ်ပုံ NUG ထုတ်ပြန်

မုန်းမြို့သိမ်းတိုက်ပွဲမှာ လက်နက်ချခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ မှတ်တမ်းဓာတ်ပုံ NUG ထုတ်ပြန်

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့သိမ်းတိုက်ပွဲမှာ လက်နက်ချအညံ့ခံခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ- NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ ဒီဇင်ဘာ ၄ ရက်မှာ ထုတ်ပြန်လာပါတယ်။

NUG ထုတ်ပြန်လာတဲ့ ဓာတ်ပုံမှတ်တမ်းအရ လက်နက်ချတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးကို တွေ့ရပြီး အမျိုးသမီးတချို့ကိုလည်း တွေ့ရှိရပါတယ်။

မုန်းမြို့ကို KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာ ၃၀ ရက်က စတင်ကာ မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၃ ရက်မှာတော့ မြို့ပေါ်တပ်ရင်းတွေနဲ့ ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ရရှိခဲ့ပါတယ်။

အဲ့ဒီမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်က အထိနာခဲ့လို့ တိုက်ပွဲပြင်းထန်တဲ့ ၃ ရက်တာအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၅၀ ခန့်ပြုလုပ်ခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေထံက သိရပြီး လက်ရှိမှာ တော်လှန်ရေးတပ်ဖွဲဲ့တွေက မြို့ကို ထိန်းချုပ်ထားနိုင်ပြီလို့ သိရပါတယ်။

#မြေလတ်အသံ

#ပဲခူး #ကျောက်ကြီး #မုန်း #မြို့သိမ်းတိုက်ပွဲ #စစ်ကောင်စီတပ်ဖွဲ့ဝင် #လက်နက်ချ #ဓာတ်ပုံမှတ်တမ်း

#NUG #ထုတ်ပြန်ချက် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10