သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မုံရွာ-မန္တလေး ကားလမ်းရှိ မြေနဲရွာအနီးမှာ တပ်စွဲပြီး လမ်းသွားလမ်းလာ ပြည်သူတွေကို ပိုက်ဆံတောင်းနေတဲ့ စစ်ဆေးရေးဂိတ်က စစ်သားတွေကို ဒေသခံကာကွယ်ရေးတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
အဲ့ဒီစစ်ဆေးရေးဂိတ်မှာရှိတဲ့ စစ်သားတွေက လမ်းသွားလမ်းလာ ပြည်သူတွေကို ပိုက်ဆံတောင်းနေတဲ့အပြင် နီးစပ်ရာကျေးရွာတွေက ဟင်းသီးဟင်းရွက်တွေခူးပြီး အပင်တွေကို ပျက်စီးအောင်လုပ်တဲ့အတွက် မတ်လ ၆ ရက်ညနေ ၁၁ နာရီမှာ လက်နက်ကြီး ၆၀ မမနဲ့ ၃ ချက် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ မုံရွာခရိုင် တပ်ရင်း ၇ Lightning PDF တာဝန်ခံက ပြောပါတယ်။
“အဲဒီလို ပစ်ခတ်ခဲ့ရာမှာ စစ်အုပ်စုဘက်က ၆ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရကြတယ်လို့ တပ်တွင်းဖရဲသီးရဲ့ အတိအကျ သတင်းပေးချက်အရ သိရတယ်” လို့ ပြောပါတယ်။