မုံရွာမြို့လယ်ခေါင်က စစ်တပ်ပိုင်အင်းဝဘဏ် စီးနင်းခံရ၊ စစ်တပ်က မြို့ကိုပိတ်ဆို့ရှာဖွေနေ

မုံရွာမြို့လယ်ခေါင်က စစ်တပ်ပိုင်အင်းဝဘဏ် စီးနင်းခံရ၊ စစ်တပ်က မြို့ကိုပိတ်ဆို့ရှာဖွေနေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့လယ်ခေါင်ရှိ စစ်တပ်ပိုင် အင်းဝဘဏ် မတ်လ ၁၃ ရက် ဒီကနေ့ နေ့လယ် ၁ နာရီဝန်းကျင်က ဝင်ရောက်စီးနင်းခံခဲ့ရပြီး အခင်းဖြစ်ပွားပြီးနောက် စစ်တပ်က မြို့ကိုပိတ်ဆို့ရှာဖွေနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဗိုလ်ချုပ်လမ်းနဲ့ ရုံးကြီးလမ်းထောင့်မှာရှိတဲ့ အဲ့ဒီဘဏ်ကို လက်နက်ကိုင်ထားတဲ့ အမည်မသိလူတစုက ဒီကနေ့ နေ့လယ်ပိုင်းမှာ ဝင်ရောက်စီးနင်းခဲ့တာလို့ ဆိုပါတယ်။

“ ဘဏ်ကိုဝင်စီးပြီး မန်နေဂျာကို ဖမ်းသွားတယ်လို့သိရတယ်။ ကျန်တာတော့ အသေးစိတ်မသိဘူး။ ခု မြို့ထဲမှာ ရှုပ်ယှက်တွေခတ်နေတယ်” လို့ မြို့ခံတဦးက မြေ လတ်အသံကိုပြောပါတယ်။

အခင်းဖြစ်ပွားပြီးနောက်  မုံရွာတောင်ဘက်အထွက် ဘိုးဘွားရိပ်သာအနီးအဝိုင်းပတ်၊ နတ်လူထိပ်ပန်ရပ်ကွက်နဲ့ စက်မှုဇုန်နယ်မြေတွေအပါအဝင် တမြို့လုံးကို ပိတ်ဆို့ရှာဖွေတာတွေလုပ်နေပြီး  ဖမ်းဆီးရမိတာမျိုးတော့ မကြားမိဘူးလို့ အဆိုပါမြို့ခံက ပြောပါတယ်။

အင်းဝဘဏ်စီးနင်းခံရတာနဲ့ပတ်သက်ပြီး ဖြစ်စဉ်အသေးစိတ်ကို ဆက်လက်စုံစမ်းနေပါတယ်။

စစ်တပ်နဲ့နီးစပ်တဲ့ လူမှုကွန်ယက်တွေမှာတော့ အင်းဝဘဏ်ဓားပြတိုက်ခံရပြီး ကျပ်သိန်း ၃၀၀ ကျော် ပါသွားတဲ့အပြင် ဘဏ်မန်နေဂျာလည်း ဓားစာခံအဖြစ်ဖမ်းဆီးခံရတယ်လို့ ဖော်ပြထားပါတယ်။

အင်းဝဘဏ်ဟာ စစ်ကောင်စီတပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းလက်အောက် ဘဏ်လုပ်ငန်းတခုဖြစ်ပြီး အရာရှိလစာချက်လက်မှတ် ငွေသားထုတ်ပေးတာအပါအဝင် စစ်တပ်နဲ့ဆက်စပ်တဲ့စီးပွားရေးလုပ်ငန်းတွေ ငွေလွှဲပြောင်းမှုအများဆုံးလုပ်ဆောင်တယ်လို့ စစ်ကောင်စီတပ်အသိုင်းအဝိုင်းထံက သိရပါတယ်။

ပုံစာ -၂၀၁၈ ခုနှစ်အတွင်းက စစ်တပ်ပိုင် ဗန်းမော်မြို့နယ်အင်းဝဘဏ်ခွဲသစ်ဖွင့်ပွဲကို ယင်းကာလ မပခတိုင်းမှူး ဗိုလ်ချုပ် တေဇကျော် တက်ရောက်ဖွင့်လှစ်ပေးစဉ်။

#မြေလတ်အသံ

#မုံရွာ #အင်းဝဘဏ် #စီးနင်းခံရ #စစ်ကောင်စီတပ် #ပိတ်ဆို့ရှာဖွေ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10