မုံရွာမြို့အဝင်က စစ်တပ်ဂိတ်ကို အနီးကပ်ပစ်ခတ်

မုံရွာမြို့အဝင်က စစ်တပ်ဂိတ်ကို အနီးကပ်ပစ်ခတ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင်၊ နယူးဒေး ဆီဆိုင်အနီးမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေကို သြဂုတ် ၃၀ ရက်ညနေ ၅ နာရီခွဲလောက်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ် ၂၂ တပ်ရင်း၊ မုံရွာ နတ်ဆိုးအဖွဲ့ဆီက သိရပါတယ်။ 

စစ်ကောင်စီတပ်သား ၇ ဦးဝန်းကျင်ရှိနေချိန်မှာ ဒေသခံကာကွယ်ရေးတပ်သားတွေက ပစ်ခတ်ခဲ့တာဖြစ်ပြီး ထိခိုက်သေဆုံးမှုကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။ 

“၄၀ မမနဲ့က ၁ လုံးတည်းပစ်ခဲ့တာ။ သူတို့ ထိုင်နေတဲ့နေရာကိုလည်း ထိထိမိမိမှန်ခဲ့တယ်။ အထိအခိုက် အသေအဆုံးသာ ကျနော်တို့အတည်မပြုနိုင်တာ။ ပြီးတော့ ဂန်းငယ်နဲ့လည်း ပစ်ခတ်ခဲ့တာတွေရှိတယ်။” လို့ မုံရွာခရိုင် အမှတ် ၂၂ တပ်ရင်း၊ မုံရွာနတ်ဆိုး အဖွဲ့ခေါင်းဆောင် ဗိုလ်နတ်ဆိုးက ပြောပါတယ်။ 

အဲ့ဒီစစ်ကောင်စီတပ်သားတွေဟာ ဂိတ်ဖွင့်ကာ လမ်းသွားကားတွေဆီက ပိုက်ဆံကောက်နေတာဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း ပြန်လည်ပစ်ခတ်တာတွေလုပ်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။ 

မုံရွာမြို့အဝင်မှာ အခုတိုက်ခိုက်ခံရတဲ့ ဂိတ်အပါအဝင် စစ်ကောင်စီဂိတ် ၂ ခုရှိပြီး တပ်မ ၃၃ က စစ်သားတွေ တပ်စွဲနေထိုင်နေကြတာလို့လည်း ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ဩဂုတ် ၁၄ ရက်ကလည်း အရာတော်မြို့နယ်၊ သလဲဘာပျူစောထီးကျေးရွာကို မုံရွာခရိုင် အမှတ် ၂၂ တပ်ရင်း၊ မုံရွာနတ်ဆိုးအဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ပါသေတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #စစ်ကောင်စီဂိတ် #တိုက်ခိုက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10