သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင်က စစ်ဆေးရေးဂိတ်မှာရှိတဲ့ စစ်အုပ်စုကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေပေါင်းပြီး လက်နက်ငယ်တွေနဲ့ ဧပြီလ ၁၆ ရက်မနက်မှာ အနီးကပ်တိုက်ခိုက်ခဲ့ကြပါတယ်။
စစ်အုပ်စုဘက်က အင်အား ၂၀ ဝန်းကျင်ရှိတဲ့ အဲ့ဒီစစ်ဆေးရေးဂိတ်ကို မဟာမိတ် ၃ဖွဲ့ပေါင်းပြီး ကားနဲ့တဖွဲ့ ခြေလျင်တဖွဲ့ သွားပြီးတိုက်ခိုက်ခဲ့ကြတာလို့ Youth Revolution Attack Force (YRAF) တာဝန်ခံက ပြောပါတယ်။
ကားနဲ့ပစ်ခတ်ချိန်မှာ ရဲယူနီဖောင်းဝတ်ထားသူတဦးလဲကျသွားတာ မြင်လိုက်ရပေမယ့် သေဆုံးမှုရှိမရှိကိုတော့ အတည်မပြုနိုင်ခဲ့ဘူးလို့ဆိုပါတယ်။
တိုက်ခိုက်မှုကို Youth Revolution Attack Force (YRAF) ၊ Myinmu PDF နဲ့ မုံရွာspecial ဒိတ်ဒိတ်ကြဲတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။
ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်မနက်ကလည်း မုံရွာမြို့ တောပုရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်အုပ်စုကို Youth Revolution Attack Force (YRAF) အဖွဲ့က လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
#မြေလတ်အသံ