မုံရွာမှာ စစ်တပ်ကင်းပုန်းနေရာ ပစ်ခံရလို့ ၂ ဦးသေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်းက စက်မှုဇုံလမ်းခွဲမှာ ကင်းပုန်းဝပ်နေတဲ့ စစ်သား ၃ ဦးကို မတ်လ ၉ ရက် မနေ့က နေ့လယ် ၁၁ နာရီဝန်းကျင်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Golden Eagle Force-Monywa-V2 အဖွဲ့ဆီက သိရပါတယ်။

မုံရွာမြို့ စက်မှုဇုံလမ်းခွဲ လက်ဘက်ရည်ဆိုင်ရှေ့ ကွမ်းယာဆိုင်မှာ ကင်းပုန်းချထားတဲ့ စစ်သား ၃ ဦးကို သွားပစ်ခတ်ခဲ့တာကြောင့် ၂ ဦးပွဲချင်းပြီး သေဆုံးပြီး ကျန်တဦးကတော့ ပြန်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။


"ကျနော်တို့ သွားရောက်ပစ်ခတ်ခဲ့တာ၊ ကျနော်တို့ M4 နဲ့ M 16 တို့နဲ့ ပစ်ခတ်ခဲ့တာ၊ သူတို့ဘက်က ၂ ကောင်ကတော့ နေရာမှာတင်ပွဲချင်းပြီး သေဆုံးပြီး ကျန်တဲ့ ၁ ကောင်က ကျနော်တို့ကားကို ပြန်ပစ်တယ်" လို့ Golden Eagle Force-Monywa-V2 မှ ဗိုလ်လင်းယုန်က ပြောပါတယ်။

ပစ်ခတ်ပြီးနောက်ပိုင်း သေဆုံးသွားတဲ့ စစ်သား ၂ ဦးကို အိမ်စီးကားနဲ့လာပြီး တင်ခေါ်သွားတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို Golden Eagle Force-Monywa-V2၊ ပုဏ္ဏကပြောက်ကျားတပ်ဖွဲ့ ၊ Brothers Revolution Force-Monywa၊ တောကျဲဲကြီး ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၈ ရက်ကလည်း မုံရွာမြို့ စီးပွားရေးတက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်အုပ်စုကို Golden Eagle Force-Monywa-V2 အဖွဲ့က ၄၀ မမ နဲ့ ပစ်ခတ်ခဲ့လို့ စစ်သား ၂ ဦး သေဆုံးခဲ့ပါတယ်။

တည်းဖြတ် - CM
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10