သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ရွှေမုံရွာ ရတနာရွှေဆိုင်ဓားပြတိုက်ခံရပြီး သေနတ်နဲ့ပစ်ခံရလို့ ဆိုင်ရှင်အမျိုးသား ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
ဒီဇင်ဘာလ ၂၀ ရက်နေ့၊ နေ့လည် ၂ နာရီကျော်ခန့်မှာ ရွှေမုံရွာ ရတနာရွှေဆိုင်ရှေ့ကို ကားတစီးနဲ့ အမျိုးသား ၃ ဦးရောက်လာပြီး ရွှေဆိုင်ကိုသေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
"လာတာက လူလတ်ပိုင်းအမျိုးသား ၃ ယောက်လို့ သိရတယ်။ ရွှေဆိုင်ကို ပစ်ခတ်ပြီးမှ ရွှေလုသွားတာ။ အများကြီးတော့ မပါသွားဘူး။ သူတို့သေနတ်နဲ့ပစ်လို့ ဆိုင်ရှင်အမျိုးသားတော့ ထိသွားတယ်။ ဆိုင်မှာက လင်မယား နှစ်ယောက်တည်းရှိကြတယ်လို့ သိရတယ်" လို့ ပြောပါတယ်။
သေနတ်နဲ့ပစ်ခံရလို့ ဆိုင်ရှင်အမျိုးသားမှာ တင်ပါးဆုံ၊ ခြေသလုံးနဲ့ ခြေကျင်းဝတ်တွေမှာ သေနတ်ဒဏ်ရာ ၅ ချက်ရသွားပြီး စိုးရိမ်ရလို့ မုံရွာပြည်သူ့ဆေးရုံကို ပို့ထားရတယ်လို့ ဆိုပါတယ်။
သေနတ်နဲ့ပစ်ခတ်ပြီးနောက် ဓားပြတိုက်သူတွေဟာ ဆိုင်ကနေ ကမန်းကတန်း ပြန်ထွက်သွားရလို့ ၁ မတ်သားခန့်ရှိ ရွှေလက်စွပ်တကွင်းသာ ယူသွားနိုင်တယ်လို့ သိရပါတယ်။
မြို့လယ်ခေါင်မှာ လူကိုသေနတ်နဲ့ပစ်ခတ်ပြီး ရွှေလုယူသွားသူတွေကို မဖမ်းလိုက်နိုင်ဘဲ လွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။
စက်တင်ဘာလ ၁၁ ရက်နေ့ကလည်း မုံရွာမြို့၊ ဘုရားကြီးရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနဲ့တရုတ်တန်းလမ်းထောင်မှာရှိတဲ့ သိန်းတရာရွှေဆိုင် ဓားမြတိုက်ခံရလို့ ကျပ်သိန်းပေါင်း ၃ သောင်းကျော်တန်ဖိုးရှိ ရွှေထည်တွေပါသွားမှုမှာလည်း လက်ရှိအချိန်ထိ ကျူးလွန်သူတွေကို ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့ သိရပါတယ်။
#မြေလတ်အသံ