မုံရွာမှာ PDF စခန်း မီးရှို့ပြီးပြန်ထွက်လာတဲ့ စစ်အုပ်စု ကြားဖြတ်တိုက်ခိုက်ခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရွာအနီးက PDF စခန်းကို မီးရှို့ပြီးပြန်ထွက်လာတဲ့ စစ်ကောင်စီအင်အား ၃၀ ပါ စစ်‌ကြောင်းကို ဒေသခံကာကွယ်ရေးတပ်တွေက မေ ၈ ရက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

နမခ က စစ်သားနဲ့ရဲ ပူးပေါင်းပြီး အင်အား ၃၀ ရှိတဲ့ စစ်ကြောင်းကို ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်-BNRA တပ်ခွဲမှူး ဗိုလ်စေတန်က ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းနဲ့ မီတာ ၁၅၀ အတွင်းကနေ ၁ နာရီကြာအောင်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

လက်နက်ကြီးမရှိတဲ့အတွက်ကြောင့် စစ်ကြောင်းကို နှိမ်နင်းခဲ့ခြင်းမရှိဘဲ လက်နက်ငယ်တွေနဲ့ နှိမ်နင်းဖို့ ခက်ခဲပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့‌ဆက်တိုက်ပြန်ပစ်နေတာလို့ ဆိုပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ မုံရွာမြို့ နမခ က စစ်သားတွေနဲ့ ရဲတွေဖြစ်ပြီး မေ ၈ ရက်က မုံရွာမြို့နယ် ညောင်ဖြူပင်စခန်းကနေ ထွက်လာကာ ညောင်ဖြူပင်ရွာအနီးမှာရှိတဲ့ PDF စခန်းဝင်စီးပြီးမီးရှို့ပြန်လာတဲ့အချိန် ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။  

ဒီတိုက်ခိုက်မှုကို ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်-BNRA ၊ ဒေသခံတပ်ရင်း ၊ Local အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။ 

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#မုံရွာ #PDF #စခန်း #စစ်တပ် #တိုက်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10