မူးယစ်ဆေးသုံးစွဲနေသူ တဦး တောကြီးမြွေပွေးအဖွဲ့က ဖမ်းဆီးမိ (ရုပ်/သံ)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းမှာ မူးယစ်ဆေးဝါးသုံးစွဲနေသူ တဦးကို  မတ်လ ၃ ရက်နေ့က ဖမ်းဆီးခဲ့တယ်လို့ တောကြီးမြွေပွေးအဖွဲ့ဆီက သိရပါတယ်။

မတ်လ ၃ ရက် နေ့လယ် ၁၂ နာရီခန့်လောက်မှာ မူးယစ်ဆေးဝါးသုံးစွဲနေတဲ့ ပြည်သူတဦးကို ဖမ်းဆီးမိတာ၊ သူဆေးသုံးနေတဲ့အချိန်မှာ ဖမ်းဆီးမိတာ၊ ဆေးသုံးစွဲပြီးဆေးကြောင်နေတဲ့အချိန်ဖမ်းမိတာလို့ သိရပါတယ်။

"မတ္တရာမြို့နယ် အနောက်အခြမ်းက NUG ရဲ့စိုးမိုးနယ်မြေထဲမှာ မပါဘူး၊ စစ်တပ်ရဲ့ စိုးမိုးနယ်မြေပဲရှိသေးတယ်၊ စစ်ကောင်စီနဲ့ဆက်နွယ်နေတော့ ဆေးကအစ အကုန်လုံးက သူတို့အတွက်လွယ်ကူတယ်၊ ကျ‌နော်တို့ဖမ်းပြီးသက်ဆိုင်ရာမြို့နယ်ကို ဒေသခံအဖွဲ့အစည်းတွေဆီအပ်လိုက်တာ" လို့ တောကြီးမြွေပွေးအဖွဲ့ ဗိုလ်တီက ပြောပါတယ်။

တည်းဖြတ်- CM

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10