မော်လိုက်က စစ်ကောင်စီ ယာယီစခန်းတခုကိုသိမ်းပိုက်၊ စစ်ကောင်စီဗိုလ်ကြီး ၁ ဦးအပါ ၁၀ ဦး သေဆုံး

မော်လိုက်က စစ်ကောင်စီ ယာယီစခန်းတခုကိုသိမ်းပိုက်၊ စစ်ကောင်စီဗိုလ်ကြီး ၁ ဦးအပါ ၁၀ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်က စစ်ကောင်စီစခန်းတခုကို ဇွန်လ ၃၀ ရက် မနက် ၁၁ နာရီကျော်မှာ သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဗိုလ်ကြီး ၁ ဦးအပါအဝင် ၁၀ ဦး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင်လ ၁ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

အဲဒီစခန်းဟာ တောင်အင်းကျေးရွာရဲ့ အရှေ့ဗျူဟာလမ်းဘေး ရဲစခန်းကုန်းဟောင်းမှာ တည်ရှိပြီး စခန်းမှာ ခမရ ၃၆၅ (မော်လိုက်/စကခ ၁၀)၊ ခမရ ၃၆၆ (မော်လိုက်/စကခ၁၀)၊ ရဲ၊ ပျူစောထီး ပူးပေါင်းအင်အား ၅၀ ခန့်ရှိတယ်လို့ ဆိုပါတယ်။

"ဒီစခန်းက ကျနော်တို့စိုးမိုးနယ်မြေ တောင်းအင်ကျေးရွာမှာ လွန်ခဲ့တဲ့တလကျော်လောက်က ယာယီတပ်စွဲထားတဲ့ စခန်းကုန်းပါ။ စခန်းသိမ်းတိုက်ပွဲအတွင်းမှာ ကျနော်တို့ ရဲဘော်၂ ယောက် မစိုးရိမ်ရ ဒဏ်ရာရခဲ့ပါတယ်"လို့ Mawlaik People's Defence Force- MPDF မှ တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

စခန်းကုန်းကို ဇွန်လ ၃၀ ရက်မနက် ၅ နာရီ ၁၅ မိနစ်အချိန်ကစတင်ကာ ၁၁ နာရီ ၄၅ မိနစ်ခန့်အထိ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၁) စစ်ဒေသ၊ မော်လိုက်ခရိုင်တပ်ရင်း (၂)၊ တပ်ရင်းမှူး ဦးစီးတဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော်သားတွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုင်ပွဲအတွင်း စစ်ကောင်စီဘက်က Mi 35 တစီး၊ A-5 လေယာဥ် ၂ စီးနဲ့ ၄ ကြိမ်အထိ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

သိမ်းပိုက်နိုင်ခဲ့တဲ့ စခန်းအတွင်းက MA-7 ၆၀ မမ စိန်ပြောင်းအရှည် (၁) လက်၊ BA-100 ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်း (၁) လက်၊ MA-10 RPG (၁) လက်၊ MA 1 (၁) လက်၊ MA 2 (၁) လက်၊ BA-64 (၁) လက်၊ 30 M1 ကာဘိုင် (၁) လက်၊ 30 M1 ကာဘိုင်ကျည် (၂၇) တောင့်၊ ၅.၅၆ ကျည် (၅၁၂) တောင့်၊  ၇.၆၂ ကျည် (၃၀၈) တောင့်၊ ၅.၅၆ MA ကျည်အိမ် (၁၂) ခု၊ ၇.၆၂ BA-64 ကျည်အိမ် (၂) ခု၊ 30 M1 ကာဘိုင်ကျည်အိမ် (၁) ခု၊ BA 109 လက်ပစ်ဗုံးသီး (၁၅) လုံး၊ MM-5 ရှေ့ထွက်မိုင်း (၂) လုံး၊ M-14 နင်းမိုင်း (၁၅) လုံး၊ MM-3 တိုက်မိုင်း (၃၄) လုံး၊ တိုက်မိုင်းကြိုး (၂၇) ခု၊ Detonator (၂၁) ခု၊ ၆၀ မမ ပို့ယမ်း (၉၀) ခု၊ RPG ဗုံးသီး (၂၀) လုံး၊ RPG ပို့ကျည် (၁၈) ခု၊ အဝေးကြည့်မှန်ပြောင်း (၁) ခု၊ Jammer (၁) ခု၊ ယူနီဖောင်း (၁၈) ထည်၊ ဦးထုပ် (၆) လုံး၊ ကျောပိုးအိတ် (၇) လုံး၊ ကျည်ကာ (၂) ခု၊ ခါးပတ်ကြိုး (၄) ခု၊ ဓါးရှည် (၇) ချောင်း၊ အထိုင်ဖုန်း (၂) လုံးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စာတည်း - နွေဦးငြိမ်ချမ်း

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #မော်လိုက် #ချင်းတွင်း #စခန်းသိမ်းတိုက်ပွဲ #PDF #စစ်ကောင်စီ

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10