သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်း၊ မြင်းခြံမြို့ တောင်ဘက် ၄ မိုင်ခန့်အကွာရှိ ကူရွာ၊ ကွမ်းစိုက်ရွာနဲ့ ခြေဆေးရွာအနီးမှာ စစ်သား၊ ရဲနဲ့ ပျူစောထီး အင်အား ၆၀၀ ဝန်းကျင်ပါ စစ်ကြောင်းနဲ့ ၄ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ Myingyan Black Tiger - MBT မြင်းခြံခရိုင်တပ်ရင်း - ၉ ဆီက သိရပါတယ်။
နိုဝင်ဘာ ၁၅ ရက် ည ၈ နာရီခွဲ ဝန်းကျင်ကစပြီး စစ်ကောင်စီစစ်ကြောင်းနဲ့ ခြေဆေးကျေးရွာ၊ ကူရွာနဲ့ ကွမ်းစိုက်ရွာအနီးမှာ ၄ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ခဲ့တာလို့ Myingyan Black Tiger - MBT မြင်းခြံခရိုင်တပ်ရင်း - ၉ ခေါင်းဆောင်ဗိုလ်မိုက်ခဲက ပြောပါတယ်။
တိုက်ပွဲ ၄ ရက်အတွင်း စစ်ကောင်စီဘက်က Mi 35နဲ့ ၃ ကြိမ်၊ ဂျက်ဖိုက်တာနဲ့ ၁ ကြိမ်၊ လေကြောင်းနဲ့ တိုက်ခိုက်ရာမှာ အချင်းချင်း မှားကြဲမိတဲ့အတွက် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာကို သိခဲ့ရတယ်လို့ Myingyan Black Tiger - MBT မြင်းခြံခရိုင်တပ်ရင်း - ၉ ခေါင်းဆောင်ဗိုလ်မိုက်ခဲက ပြောပါတယ်။
စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုအပြင် ဟောင်ဝှစ်ဇာ လက်နက်ကြီးပစ်ကူ၊ ဒရုန်းနဲ့ပစ်ကူတွေ ဆက်တိုက်လုပ်လာတာကြောင့် တိုက်ပွဲကနေ ဆုတ်ခွာခဲ့ရတယ်လို့လည်း ဗိုလ်မိုက်ခဲက ဆက်ပြောပါတယ်။
အဆိုပါ ၄ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၂၁ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်းရှိပြီး ဒီနေ့အထိ စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့လည်း ဆိုပါတယ်။
အဆိုပါ အင်အား ၆၀၀ ပါစစ်ကြောင်းမှာ တပ်မ ၉၉ လက်အောက်ခံ မြင်းခြံ ခြေမြန်တပ်ရင်းအပြင် မိတ္ထီလာက စစ်သားတွေနဲ့ မြင်းခြံမြို့နယ်က သီတာယုမွန်ဦးဆောင်တဲ့ ပျူစောထီးတွေ ပါဝင်တယ်လို့ သိရပါတယ်။
အဲဒီစစ်ကြောင်းဟာ နိုဝင်ဘာ ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ မြင်းခြံမြို့နယ်၊ ကွမ်းစိုက်ကျေးရွာအနီးမှာ MBT နဲ့ မဟာမိတ်တပ်တွေက ၃ ရက်ဆက် တိုက်ခိုက်ခဲ့လို့ ၁၅ ဦး သေဆုံးခဲ့တဲ့ စစ်ကြောင်းဖြစ်တယ်လို့လည်း သိရပါတယ်။
အခုတိုက်ခိုက်မှုကို Myingyan Black Tiger-MBT မြင်းခြံခရိုင်တပ်ရင်း - ၉၊ Popa Guerilla Force (PGF)၊ မြင်းခြံခရိုင် တပ်ရင်း (၁၊ ၂၊ ၃၊ ၄၊ ၇၊ ၈)၊မြင်းခြံခရိုင် ပကဖ၊ နွားထိုးကြီးမြို့နယ် ပကဖ၊ အမှတ် (၈၁၅) ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ မြင်းခြံခရိုင် ဒရုန်းတပ်ဖွဲ့၊ စွန်ရဲပြောက်ကျားတပ်၊ SPY ပြောက်ကျားတပ်၊ နှလုံးလှ လူမိုက်တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
တည်းဖြတ် - HP
#မြေလတ်အသံ
#မန္တလေး #မြင်းခြံ #တိုက်ပွဲ #စစ်ကောင်စီ #သေဆုံး
Share Share Share