မြင်းခြံက ပစ်ခတ်မှုမှာ စစ်ကောင်စီဘက်က ၁၅ ဦးနဲ့ PDF ရဲဘော် ၁ ဦးသေဆုံး (ရုပ်/သံ)

မြင်းခြံက ပစ်ခတ်မှုမှာ စစ်ကောင်စီဘက်က ၁၅ ဦးနဲ့ PDF ရဲဘော် ၁ ဦးသေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ပျော်ဘွယ်စံပြကျေးရွာမှာတပ်စွဲထားတဲ့ စစ်သားနဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရပြီး စစ်အုပ်စုဘက်က ၁၅ ဦးကျော်သေဆုံးကာ PDF ရဲဘော် ၁ ဦးလည်း သေဆုံးခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

စံပြကျေးရွာမှာ အင်အား ၂၀ ဦးကျော်နဲ့ တပ်စွဲနေတဲ့ စစ်သားနဲ့ ပျူစောထီးတွေကို ဖေဖော်ဝါရီ ၂ ရက်က ကာကွယ်ရေးအဖွဲ့တွေနဲ့ PDF တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်အပြန်အလှန် ပစ်ခတ်ခဲ့ကြတာလို့ ဆိုပါတယ်။ 

"စစ်ကောင်စီဘက်ကတော့ ၁၅ ကောင်လောက်သေသွားတယ်၊ ကျနော်တို့ MBT တပ်ဖွဲ့က တိုက်ခိုက်ရေးအပိုင်းမှာ အားကိုးရတဲ့ ရဲဘော်ကုလားလေးလည်း  ရန်သူ့လက်နက်ကို တက်ကောက်ရင်း နောက်ပြန်အလှည့်မှာ ဦးခေါင်းကို ကျည်ထိပြီးတော့ ကျဆုံးသွားခဲ့တာပါ၊ သေဆုံးတာက စစ်**အများစုပါပြီး ပျူစောထီးအနည်းငယ်ပါတယ်၊ စစ်မှုထမ်းဟောင်းတွေများတယ်၊ သက်ကြီးရွယ်အိုတွေပေါ့၊ အရှင်ဖမ်းမိတာက မရှိပါဘူး" လို့ Myingyan Black Tiger(MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

စစ်အုပ်စုဘက်က စစ်ကူကား ၈ စီးနဲ့ မြင်းခြံဘက်ကတက်လာတဲ့အတွက် စခန်းသိမ်းနိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။ 

ပစ်ခတ်မှုအတွင်း MA-1 ၃ လက်နဲ့ ကာဘိုင် ၁ လက်ကို သိမ်းဆည်းရမိကာ  စခန်းအရှေ့က ဘန်ကာတဲကိုပဲ သိမ်းနိုင်ခဲ့ပြီး စစ်အုပ်စုဘက်က စစ်ကူတွေရောက်လာတဲ့အတွက် ပြန်ဆုတ်ခဲ့တယ်လို့ Myingyan District Army-4 Natogyi PDF တပ်ရေးဗိုလ်ကြီးက ပြောပါတယ်။ 

ဒီတိုက်ခိုက်မှုကို Myingyan Black Tiger(MBT)Myingyan District Army - 4 Natogyi PDF၊ မြင်းခြံခရိုင်အမှတ် (၁)တပ်ရင်း၊ မြင်းခြံခရိုင်အမှတ် (၈)တပ်ရင်း၊ မန္တလေးခရိုင် တပ်ရင်း (၃) MDY PDF၊ မြင်းခြံမြို့နယ် ပကဖ၊ နွားထိုးကြီးမြို့နယ် ပကဖ၊ ဗိုလ်စား‌ပြောက်ကြားတပ်ဖွဲ့ (မြင်းခြံ)၊ ဗိုလ်စက္ကပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မြင်းခြံ #စံပြကျေးရွာ #စစ်အုပ်စုတပ်စခန်း #တိုက်ခိုက်ခံရ #ထိခိုက် #ပျူစောထီး #စစ်သား #MA-1၃လက် #ကာဘိုင်၁လက် #သိမ်းဆည်းရ #PDF #မြေလတ်သတင်း #မြေလတ်ရုပ်သံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10