သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်း၊ မြင်းခြံမြို့၊ ခမရ ၁၅ ကနေ သြဂုတ် ၉ ရက် ည ၁၀ နာရီလောက်မှာ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ လက်ဝဲ−မြင်းနီကျေးရွာက လူနေအိမ် ၁၈ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ခမရ ၁၅ ကနေ လက်နက်ကြီး ၂ လုံးနဲ့ ပစ်ခတ်ခဲ့ရာ ၁ လုံးမှာ မြင်းနီပိုင်းက နေအိမ် ၁ လုံးရဲ့ အုတ်တံတိုင်းကို ထိမှန်ခဲ့ပြီး နောက် ၁ လုံးကတော့ နွားစာတဲထဲ ကျရောက်ပေါက်ကွဲသွားတဲ့အတွက် နေအိမ် ၁၈ လုံး မီးလောင် ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
အဆိုပါ ကျေးရွာက ဒေသခံတွေဟာ ကျေးရွာထဲကနေ ထွက်ပြေးတိမ်းရှောင်နေတာ ၁ လဝန်းကျင်လောက်ရှိပြီး တောတွေထဲမှာ ထန်းလက်အမိုးအကာတွေ မိုးပြီးနေနေရသလို စားသောက်ဖို့ကို အခြားကျေးရွာတွေကနေတဆင့် ဝယ်ယူစားသောက်နေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ရှောင်နေရတဲ့ဒေသခံတွေဟာ လက်ဝဲ-မြင်းနီကျေးရွာထဲသို့ နေ့ခင်းပိုင်းအချိန် နွားစာကျွေးတာနဲ့ လိုအပ်တဲ့ ပစ္စည်းပြန်ယူတဲ့အချိန်သာ ပြန်လေ့ရှိတယ်လို့ ဆိုပါတယ်။
“ခဏတဖြုတ် ပြန်ကြတယ်၊ လုံးလုံးကြီး မပြန်ဘူး။ လက်နက်ကြီးတွေနဲ့ လှမ်းလှမ်းထုနေတာ။ အစားအသောက်ကတော့ တောထဲတောင်ထဲဆိုတော့ရတဲ့ ဟင်းရွက်ခူးခပ်စားတယ်။” လို့ အဆိုပါ ဒေသခံ အမျိုးသမီးက ဆက်ပြောပါတယ်။
မြင်းခြံမြို့ ခမရ ၁၅ ကနေ ဟောင်ဝစ်ဇာနဲ့ လက်ဝဲ − မြင်းနီ ကျေးရွာဘက်ကို မကြာခဏပစ်ခတ်လေ့ရှိပြီး အခုလို လက်နက်ကြီးနဲ့ပစ်လို့ ထိခိုက်ဒဏ်ရာရသူ ၄ ဦးထက်မနည်းရှိတယ်လို့ ဆိုပါတယ်။
အိမ်ခြေ ၃ ထောင်ဝန်းကျင်ရှိတဲ့ လက်ဝဲ − မြင်းနီရွာဟာ အခုလို မီးရှို့ခံ၊ မီးလောင်ခံရတာဟာ တတိယအကြိမ်ရှိပြီ ဖြစ်ပါတယ်။ ၂၀၂၄ အတွင်းမှာ ၃ ကြိမ်တိုင်တိုင်မီးရှို့ခံရပြီး ပထမအကြိမ်မီးရှို့ခံရချိန်မှာ နေအိမ် ၁၀ လုံး မီးလောင်ပျက်စီးသွားပြီး ဒုတိယအကြိမ် ဇူလိုင် ၁၀ ရက်ကလည်း လက်ဝဲ − မြင်းနီရွာက နေအိမ် ၅၆၉ လုံးကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးသွားသလို ကျန်းမာရေးမကောင်း၍ အိပ်ယာထဲလှဲနေသူ ၁ ဦးနဲ့ သက်ကြီးရွယ်အို ၆ ဦးတို့ မီးလောင်သေဆုံးသွားခဲ့ပါသေးတယ်။
ပုံစာ- သြဂုတ် ၉ ရက်က လက်ဝဲ − မြင်းနီရွာကနေအိမ်များ မီးလောင်ပျက်စီးနေပုံ။
စာတည်း - လင်းဇေ
#မြေလတ်အသံ
#မန္တလေးတိုင်း #မြင်းခြံမြို့ #ခမရ၁၅ #လက်နက်ကြီး #လက်ဝဲ #မြင်းနီကျေးရွာ #မီးလောင်
Share Share Share