သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ မြင်းခြံ-နဘူးအိုင်လမ်းပိုင်း သစ်ရုံးကျေးရွာနဲ့ တူရွင်းဘိုကျေးရွာကြားမှာ စစ်ကောင်စီကားတန်းကို မိုင်း ၁၂ လုံးဆွဲ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၄ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ဒေါင်းမင်းတမန်အထူးပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
ဖေဖော်ဝါရီ ၁၀ ရက် မနက် ၁၀ နာရီခန့်မှာ စစ်ကောင်စီနဲ့ ပျူအင်အား ၇၀ ကျော်ပါလာတဲ့ စစ်ကောင်စီဖောကား ယာဉ်တန်းကို ရှေ့ထွက်မိုင်းအပါအဝင် မိုင်း ၁၂ လုံးနဲ့တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
" မိုင်းဆွဲခံရတော့ ကားတွေကတချက်တော့ ရပ်သွားတယ်။ ပြီးမှ ကားတွေကို ဖြည်းဖြည်းချင်းမောင်းသွားတယ်" လို့ ဒေါင်းမင်းတမန်အထူးပြောက်ကျားတပ်ဖွဲ့ တာဝန်ခံက ပြောပါတယ်။
မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီအဖွဲ့ဟာ ပတ်ဝန်းကျင်ကို အော်ဟစ်ဆဲဆိုပြီး လက်နက်ငယ်တွေနဲ့ လမ်းတလျှောက် ရမ်းသမ်းပစ်ခတ်သွားတယ်လို့ ဆိုပါတယ်။
မိုင်းဆွဲခံရလို့ စစ်ကောင်စီနဲ့ ပျူစောထီး ၄ ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူတွေကို မြင်းခြံဆေးရုံမှာ ဆေးကုသနေရတယ်လို့ မိုင်းဆွဲခံရတဲ့ ယာဉ်တန်းပေါ်လိုက်ပါလာတဲ့ပျူစောထီးတွေနဲ့ နီးစပ်သူတွေထံက ပြန်သိရတယ်လို့ ဆိုပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို ဒေါင်းမင်းတမန်အထူးပြောက်ကျားတပ်ဖွဲ့နဲ့ ဒေါင်းနီပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့တာပါ။
၂၀၂၃ ဒီဇင်ဘာ ၃၀ ရက်ကလည်း မြင်းခြံမြို့နယ်၊ ညောင်တိုပျူရွာစခန်း တိုက်ခိုက်ခံရပြီး ပျူစောထီး ၃ ဦးသေဆုံးကာ ၁၂ ဦးအရှင် ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
စာတည်း - လင်းဇေ
#မြေလတ်အသံ
#မန္တလေးတိုင်း #မြင်းခြံ #နဘူးအိုင်လမ်းပိုင်း #စစ်ကား #မိုင်းဆွဲ
Share Share Share