မြင်းခြံနယ်ထဲတိုက်ခိုက်ဖို့လာတဲ့ စစ်ကောင်စီစစ်ကြောင်း မိုင်းထိပြီး ၁ ဦးသေဆုံး သေနတ် ၁ လက်ရ

မြင်းခြံနယ်ထဲတိုက်ခိုက်ဖို့လာတဲ့ စစ်ကောင်စီစစ်ကြောင်း မိုင်းထိပြီး ၁ ဦးသေဆုံး သေနတ် ၁ လက်ရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မြောက်ဘက်ခြမ်းကို တိုက်ခိုက်ဖို့ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မိုင်းထိလို့ ၁ ဦး သေဆုံးပြီး သေနတ် ၁ လက်ရရှိတယ်လို့ Myingyan Black Tiger MBT တပ်ဖွဲ့ထံက သိရပါတယ်။

စစ်ကောင်စီတပ်အင်အား ၁၀၀ ခန့်ပါ ခြေလျင်စစ်ကြောင်းဟာ စက်တင်ဘာ ၉ ရက်မှာ မြို့မြောက်ဘက်ခြမ်းကိုစတင်ဝင်ရောက်လာခဲ့ပြီး စက်တင်ဘာ ၁၀ ရက် ရွာရှည်ရွာအနီးအရောက်မှာ မိုင်းထိခဲ့တာလို့ ဆိုပါတယ်။

မိုင်းထိတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့တာကို မျက်မြင်တွေ့ခဲ့ရပြီး ကျန်ထိခိုက်မှုတွေကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်ကာ နယ်မြေရှင်းလင်းချိန်မှာ G3 သေနတ် ၁ လက်နဲ့ ၇.၆၂ မမ ကျည် ၁၂ တောင့် သိမ်းဆည်းရမိခဲ့တယ်လို့ Myingyan Black Tiger MBT အဖွဲ့တာဝန်ခံ ဗိုလ်မိုက်ခဲက ပြောပါတယ်။

စစ်ကြောင်းဟာ လက်ရှိမှာ မြင်းခြံမြို့ဘက်ကို ပြန်လည်ဆုတ်ခွာသွားပြီဖြစ်ပြီး စစ်ကြောင်းဝင်ရောက်ခဲ့တဲ့ နေရာတွေကို  တော်လှန်တပ်ဖွဲ့တွေက နယ်မြေရှင်းလင်းမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

နယ်မြေရှင်းလင်းမှုတွေကို Myingyan Black Tiger MBT မြင်းခြံခရိုင်အမှတ် ၉ တပ်ရင်း နဲ့အတူ Myingyan Eagle Defense Force MEDF၊ Popa Guerilla Force PGF တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#မြင်းခြံ #စစ်ကောင်စီစစ်ကြောင်း #မိုင်းထိ #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10