မြင်းခြံမြို့ရှိ ခမရ ၁၅ ကို PDF က ၄၀ မမနဲ့ပစ်ခတ်လို့ စစ်ကောင်စီတပ်သားတဦး သေဆုံးဟုဆို

မြင်းခြံမြို့ရှိ ခမရ ၁၅ ကို PDF က ၄၀ မမနဲ့ပစ်ခတ်လို့ စစ်ကောင်စီတပ်သားတဦး သေဆုံးဟုဆို

မြင်းခြံမြို့နယ်ရှိ ခမရ ၁၅ တပ်ရင်းကို ပြည်သူ့ကာကွယ်ရေးပူပေါင်းတပ်ဖွဲ့တွေက သြဂုတ် ၁ ရက် မွန်းလွဲ ၂ နာရီလောက်မှာ ၄၀ မမ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မြို့သိမ်းဖို့ နီးကပ်လာပြီဆိုတာနဲ့ ပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိရှိ ဂရုစိုက်သွားလာကြဖို့ကို သတိပေးတဲ့ သဘောမျိုး သွားရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ Anyar federal task force(AFTF)အဖွဲ့က ရဲဘော်လီယိုက ပြောပါတယ်။

“တယောက်သေတယ်၊ ဒီနေ့ သင်္ဂြိုဟ်တယ်လို့ ကျနော်တို့ခိုင်လုံတဲ့သတင်းက ရတယ်” လို့ သူက ပြောပါတယ်။

မြို့သိမ်းဖို့နီးကပ်လာတာနဲ့အမျှ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်စခန်း၊ ကင်းစခန်း၊ စစ်ဆေးရေးဂိတ် အနီးအနားတွေသွားလာခြင်းကို ဂရုစိုက်သွားလာကြရန် တောင်းဆိုတယ်လို့ သူက ဆက်ပြောပါတယ်။ 

လက်ရှိမှာ စစ်ကောင်စီက မြင်းခြံမြို့ရှိ ခမရ ၁၅ တပ်ရှေ့ဂိတ်ကို အင်အားတိုးချထားပြီး ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေလုပ်ဆောင်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

အထက်ပါ တိုက်ခိုက်မှုကို Anyar Federal Task Force(AFTF)နဲ့အတူ Freedom Fighter Guerrilla Force (FFGF)နဲ့ 8 Star ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို သိရပါတယ်။

ဓာတ်ပုံ - AFTF တပ်ဖွဲ့ဝင်တဦးကို တွေ့ရစဉ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မြင်းခြံမြိုနယ် #ခမရ၁၅ #တော်လှန်ရေးတပ်ဖွဲ့ #PDF #ပစ်ခတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10