သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ဖေဖော်ဝါရီလ ၂၁ ရက် တရက်တည်းမှာပင် စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ၁ ဦးနဲ့ အုပ်ချုပ်ရေးမှူး လင်မယား ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပစ်သတ်ခံရသူတွေဟာ ဗလုံကျေးရွာအုပ်စု၊ လေးရွာဆုံကျေးရွာမှ ဝင်းစိုး ဆိုသူ အသက် ၅၀ နှစ်ခန့် ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၁ ရက် မနက် ၉ နာရီဝန်းကျင်မှာ တောင်ယာလုပ်နေချိန် ပစ်သတ်ခံခဲ့ရတာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
အဲ့ဒီနေ့ မနက် ၈ နာရီဝန်းကျင်လောက်မှာပဲ ရသာကျေးရွာနေ အုပ်ချုပ်ရေးရွာခွဲ တာဝန်ခံ ဦးတင်ကြိုင် ၅၅ နှစ်ခန့်နဲ့ ဇနီးဖြစ်သူ ၅၀ နှစ်ခန့်တို့ဟာ နေအိမ်မှာရှိနေချိန် အမည်မသိ သေနတ်သမားတွေက ဝင်ရောက်ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
"ဦးတင်ကြိုင်က စကစ ခန့် ကျေးရွာတာဝန်ခံပါ။ ဒီဘက်ခြမ်းက ကျေးရွာအုပ်စုမှာ ရွာမများရင် ကျေးရွာတာဝန်ခံတွေ ခန့်ထားတာရှိတယ်။ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတော့ မဟုတ်ဘူး။ နောက်တယောက်က လေးရွာဆုံရွာက။ သူလည်း စကစနဲ့ ပတ်သက်တယ်လို့တော့ သိရတယ်။ တမနက်တည်း ဖြစ်တာပေါ့။ ရွာ ၂ ခုက မိုင် ၂၀ လောက်တော့ ဝေးတယ်" လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။
ပစ်ခတ်မှုတွေနဲ့ ပတ်သက်လို့ လေးရွာဆုံကျေးရွာက ဝင်းစိုး ဆိုသူဟာ သားဖြစ်သူ ဗိုလ်ကြီးရဲ့ အရှိန်အဝါသုံးပြီး စစ်တပ်ခေါ်ကာ ဒေသအတွင်း လူထုအပေါ် ခြိမ်းခြောက် ဖိအားပေးနေတဲ့ ပျူစောထီးခေါင်းဆောင်တဦးဖြစ်လို့ ပစ်ခတ်ခဲ့တာဖြစ်တာ ဖြစ်ပြီး ၎င်းဆီကနေ လက်ပစ်ဗုံး ၁ လုံး နဲ့ ဂျင်ကလိတွေ သိမ်းဆည်းရမိတယ်လို့ နွားထိုးကြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ NDRF က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီခန့် ကျေးရွာတာဝန်ခံ လင်မယားကိုတော့ ဗိုလ်စက္က(MGPDF) နဲ့ လူကြမ်းကြီးများအဖွဲ့က ပူးပေါင်းရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကလည်း မြင်းခြံမြို့နယ်၊ တူးရွှင်းဘိုကျေးရွာနဲ့ ကန်ဆွယ််ကျေးရွာတွေမှာ တပ်ထောက်ခံသူ ၁ ဦး အပါအဝင် ၃ ဦး ပစ်သတ်ခံရလို့ သေဆုံးသွားသေးတယ်လို့ သိရပါတယ်။
#မြေလတ်အသံ
Share Share Share