သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ သင်ပြွန်းရွာက တူရီး ၂ ဦး နေအိမ်ကနေခေါ်ဆောင်ပြီး အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇူလိုင် ၃၁ ရက် မနေ့ မနက် ၈ နာရီလောက်မှာ သင်ပြွန်းရွာနေ ဦးမြင့်ထီ ၄၅ နှစ်နဲ့ တူမဖြစ်သူ မခိုင်ဇင်မိုး ၃၀ နှစ်တို့ကို နေအိမ်မှာရှိနေချိန် လက်နက်ကိုင်လူတစုက နေအိမ်ကနေ ခေါ်ဆောင်သွားပြီး သတ်ခဲ့တာလို့ ဆိုပါတယ်။
"သူတို့က စစ်တပ်ကလာရင် အိမ်မှာ ဧည့်ခံကျွေးမွေးတာ။ စစ်တပ်အလိုကျ လိုက်လုပ်ပေးတာတွေက အတင်းလုပ်ခိုင်းလို့ မဟုတ်ဘဲ လိုလိုလားလား လုပ်ပေးကြတဲ့သူတွေ။ သတင်းပေး လုပ်နေတယ်လို့လည်း သိရတယ်။ ဒါကြောင့် ဖမ်းဆီးသတ်ဖြတ်ခံရတာ ဖြစ်နိုင်တယ်"လို့ ဒေသခံတဦးက ပြောပါတယ်။
သူတို့ ၂ ဦးဟာ သင်ပြွန်းကျေးရွာနဲ့ ကျီးပင်ကန်ကျေးရွာသွား လမ်းဘေးသရက်ခြံတခုမှာ ရှင်းလင်းခံလိုက်ရတယ်လို့လည်း ဆိုပါတယ်။
အလောင်းတွေ ပြန်ရချိန်မှာတော့ သေဆုံးသူ ၂ ဦးမှာ ဓါးနဲ့ သေနတ် အသုံးပြု သတ်ဖြတ်ခံထားရတာကို တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီသတ်ဖြတ်မှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာကိုတော့ မသိရှိရသေးပါဘူး။
ဇူလိုင် ၁၁ ရက်ကလည်း မြင်းခြံမြို့နယ်၊ ဂွေပင်ရိုးကျေးရွာ စိတ္တသုခ ဘုန်းတော်ကြီးကျောင်းက ကျောင်းထိုင်ဆရာတော် ဦးပညာသာမိ ၄၅ နှစ်ကို လက်နက်ကိုင်အဖွဲ့တခုက ကျောင်းထဲ ဝင်ရောက်ပစ်ခတ်လို့ ပျံလွန်တော်မူခဲ့ပါသေးတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#မန္တလေး #မြင်းခြံ #လက်နက်ကိုင် #ဒေသခံ #အသတ်ခံရ #သတင်း
Share Share Share