မြင်းခြံ ခမရ ၁၅ အဝင်ဂိတ် RPG နဲ့ ပစ်ခံရလို့ စစ်သား ၂ ဦးသေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့က တပ်မ ၉၉ လက်အောက်ခံ ခမရ ၁၅ တပ်အဝင်ဂိတ်ကို ပြီးခဲ့တဲ့ မတ်လ ၆ ရက် ညနေပိုင်းမှာ RPG နဲ့ပစ်ခံရလို့ စစ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ MG6 ပြောက်ကျားတပ်ဆီက သိရပါတယ်။

 

အဲ့ဒီဂိတ်မှာ စစ်သားအစောင့် ၅ယောက် ဝန်းကျင်လောက်ရှိနေတဲ့အချိန်မှာ RPG နဲ့ တချက်ပစ်ပြီး မောင်းပြန်နဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ မြင်းခြံခရိုင် အမှတ် ၅ တပ်ရင်း MG6 ပြောက်ကျားတပ် ဒုတပ်ရင်းမှူး ဗိုလ်ကျော်လင်းထွန်းက ပြောပါတယ်။

တည်းဖြတ် - CM
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10