မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးလမ်းပိုင်းတွေမှာ တိုက်ပွဲဖြစ်နိုင်လို့ သတိနဲ့ခရီးသွားဖို့ PDF ပြော

မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးလမ်းပိုင်းတွေမှာ တိုက်ပွဲဖြစ်နိုင်လို့ သတိနဲ့ခရီးသွားဖို့ PDF ပြော

မြင်းခြံ-တောင်သာနဲ့ မြင်းခြံ-နွားထိုးကြီးလမ်းပိုင်းမှာ တိုက်ပွဲတွေအချိန်မရွေးဖြစ်ပေါ်လာနိုင်တာကြောင့် ခရီးသွားပြည်သူတွေအနေနဲ့ သတိနဲ့သွားလာဖို့ Freedom Fighter Guerrilla Force (FFGF) မြင်းခြံက သြဂုတ် ၁၉ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။ 

Freedom Fighter Guerrilla Force (FFGF)  မြင်းခြံအဖွဲ့ရဲ့တာဝန်ရှိသူတဦးကတော့ " အခုကာလက Operation(စစ်ဆင်ရေး)ကာလ ဖြစ်တယ်။ ပြည်သူတွေအချို့က အသွားအလာကန့်သတ်ရင် သိပ်ပြီး မလိုက်နာကြဘူး။ အဲဒါကြောင့် သတိပေးချက် ထုတ်ပြန်ရတာပါ။ ကျနော်တို့ပြောတဲ့ နေရာတွေမှာ အချိန်မရွေး တိုက်ပွဲက ဖြစ်ပေါ်နိုင်တယ်" လို့ ပြောပါတယ်။

စစ်ကောင်စီက မနေ့က မြင်းခြံမြို့နယ်တွင်းရှိ ကျေးရွာတချို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ်ပြုလုပ်ခဲ့လို နေအိမ်တချို့ပျက်စီးပြီ အမျိုးသား၂ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Freedom Fighter Guerrilla Force (FFGF)မြင်းခြံထံ က သိရပါတယ်။

မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးစတဲ့မြို့နယ်တွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း၊ မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်း၊ မြင်းခြံခရိုင်ဒရုန်းတပ်ရင်းနဲ့ နွားထိုးကြီးမြို့နယ် ပကဖတို့က ပူးပေါင်း တိုက်ခိုက်ခဲ့ကြပါတယ်။

စာတည် -  လင်းဇေ

#မြေလတ်အသံ

#မြင်းခြံ #တောင်သာ #နွားထိုးကြီး #သတိပေးချက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10