မြင်းမူမှာ တိုက်ခိုက်ခံရလို့ စစ်မှုထမ်းဆင်းတပ်သားသစ်တွေ အပါအဝင် ၁၈ ဦးခန့် သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့အဝင် တိုးဂိတ်အနီးမှာ ပစ်ခတ်တိုက်ခိုက်ခံရလို့ စစ်မှုထမ်းသင်တန်းဆင်းတပ်သားသစ်တွေနဲ့ အခြားစစ်သားစုစုပေါင်း ၁၈ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများတယ်လို့ Dog Killers People's Defence Force Myinmu(DK-PDF MMU) အဖွဲ့ဆီက သိရပါတယ်။

ဩဂုတ် ၉ ရက်က မုံရွာမြို့ကနေ ကား ၄ စီးနဲ့ ထွက်ခွာလာတဲ့ စစ်မှုထမ်းသင်တန်းဆင်းနဲ့ စစ်သားအင်အား ၆၀ ဦးလောက်လိုက်ပါလာတဲ့ မှန်လုံကား ၂ စီး ၊ အန်စာတုံးကား ၁ စီး ၊ သံပြားကာကား ၁ စီးတို့ကို မြင်းမူတိုးဂိတ်အနီး နေ့လယ် ၁၀ နာရီ ၅၅ မိနစ်လောက်မှာ တိုက်ခိုက်ခဲ့တာလို့ Dog Killers People's Defence Force Myinmu(DK-PDF MMU) ရဲဘော်မောင်ကာ က ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်ချိန် မိနစ် ၂၀ ခန့်ကြာမြင့်ပြီး စစ်ကောင်စီယာဉ်မောင်းကိုထိမှန်ကာ ကားမှောက်သွားသလို သေဆုံးအလောင်းတွေကိုတော့ ထီးဆောင်းကို သယ်ယူပြီးမြှုပ်လိုက်ရတယ်လို့ ရဲဘော်မောင်ကာ ကပြောပါတယ်။

ဒီပစ်ခတ်တိုက်ခိုက်မှုကို Dog Killers People's Defence Force Myinmu (DK-PDF MMU)နဲ့ Moe Nyo Revolution force MNRF တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာ လို့ သိရပါတယ်။  

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မြင်းမူ #တန်ပိုတိုးဂိတ် #တိုက်ပွဲ #တိုက်ခိုက်ခံရ #စစ်သင်တန်းဆင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10