မြစ်ခြေက ပျူစောထီးစခန်းတိုက်ခိုက်မှု ၅ ဦးသေဆုံးကာ စစ်သား ၃ ဦးအပါ ၁၀ ဦး အရှင်ဖမ်းဆီးမိပြီး သေနတ် ၁၁ လက်ရရှိ (ရုပ်/သံ)

မကွေးတိုင်း၊ မြစ်ခြေမြို့နယ်ရှိ ပျူစောထီးစခန်းအထိုင်ချထားတဲ့ကျေးရွာကို ဇူလိုင် ၁၇ရက် မနက် ၅ နာရီကျော်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ၅ ဦးသေဆုံးကာ စစ်သား ၃ ဦးအပါအဝင် စစ်သုံ့ပန်း ၁၀ ဦးအရှင်ဖမ်းဆီးမိပြီး သေနတ် ၁၁ လက်ရရှိခဲ့တယ်လို့ ABSDF စစ်ကြောင်း ၃ ဆီက သိရပါတယ်။

စစ်ကောင်စီတပ်သားတွေအပါအဝင် ပျူစောထီးအင်အား ၃၀ ကျော်ခန့် အထိုင်ချတပ်စွဲထားတဲ့ ဘဲကြီးအုပ်စုထဲက အောင်သာကျေးရွာစခန်းကို PDF မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကြောင်း ၂ ကြောင်းခွဲကာ ဝင်ရောက်တိုက်ခဲ့တာဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှု ၁ နာရီခန့်ကြာခဲ့တယ်လို့ ပူးပေါင်းအဖွဲ့ထဲက Earthquake People Defence Force သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုပိန်က ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကိုင်ဆောင်တဲ့ BA 63 G 3 ၄ လက် ၊ ကာဘိုင် ၃ လက်၊ ရှော့ဂန်း ၃ လက်၊ ၄၀ မမဗုံးပစ်လောင်ချာ ၁ လက် အပါအဝင် သေနတ် ၁၁ လက်နဲ့ ကျည်ဘောက် ၁၄ ခု ၊လက်ပစ်ဗုံး ၁ လုံး ၊ကျည်ဆန်တွေနဲ့ မိုဘိုင်းဖုန်း ၅လုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အရှင်ဖမ်းဆီးရမိတဲ့ စစ်သား၃ ဦးအပါအဝင် စစ်သုံ့ပန်း ၁၀ ဦးကိုတော့ ထိန်းသိမ်းထားပြီး စိစစ်နေတယ်လို့  ABSDF စစ်ကြောင်း ၃ ပြန်ကြားရေးတာဝန်ခံ ကိုပြည့်ဖြိုးကျော် က ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ABSDF၊ ပြည်သူ့လွတ်မြောက်ရေးတပ်-PLA အမှတ် ၈၁၅ တပ်ဖွဲ့ (အနောက်မြောက် စစ်ဒေသ)၊ PDO/PDA၊ Earthquake People Defence Force၊ အပါအဝင် ပခုက္ကူအခြေစိုက် မဟာမိတ်အဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မကွေး #မြစ်ခြေ #ပျူစောထီးစခန်း #တိုက်ခိုက် #စစ်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10