မြစ်ခြေမြို့အဝင်ဂိတ်နဲ့ ရဲစခန်း ဗုံးကြဲခံရပြီး ရဲ ၁ ဦးသေ၊ ၄ ဦးဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြစ်ခြေမြို့အဝင် ဂိတ်စခန်းနဲ့ ရဲစခန်းကို မေ ၈ ရက် မနက် ၉ နာရီဝန်းကျင်က ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Joker ပြောက်ကျားတပ်ဖွဲ့ ဆီက သိရပါတယ်။ 

မြို့အဝင်ဂိတ်စခန်းဟာ ရဲစခန်းအပြင်အဘက်မှာ ထိုင်ထားကာ ရဲအင်အား ၃၀ ဝန်းကျင်နဲ့  ပြည်သူတွေသွားလာနေတာကို စစ်ဆေးမေးမြန်းပြီး ငွေညှစ်နေတာတွေ လုပ်နေတာလို့ ဆိုပါတယ်။ 

အဆိုပါ ဂိတ်နဲ့ ရဲစခန်းကို ဒရုန်းအကြီး ၃ စီးနဲ့ ၆ ခေါက်ပျံပြီး 3.5 kg ၅ ဖူး၊1.5 kg ၅ ဖူး၊ 2 kg ၆ ဖူး၊ အီနာဂါဗုံးသီး ၁၀ လုံးပစ်ချရာမှာ ရဲစခန်းအတွင်းနဲ့ ဂိတ်ထဲကို ကျရောက်ခဲ့တယ်လို့ Joker ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ဘလိတ်က ပြောပါတယ်။

ဂိတ်စခန်းအတွင်းကို ဗုံးထိမှန်တာကြောင့် ရဲ ၁ ဦး‌သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရကာ အိမ်စီးကားအဖြူနဲ့ ပခုက္ကူဆေးရုံးကို ဆေးကုသဖို့ဘယ်ဆောင်သွားတယ်လို့လည်း ဆိုပါတယ်။ 

ဒီတိုက်ခိုက်မှုကို JOKER ပြောက်ကျားတပ်ဖွဲ့ (M.Y.G)၊ ကင်ဒိုပြောက်ကျားတပ်ဖွဲ့၊ U GYI (ပ.က.ဖ)၊ မြိုင် (ပကဖ)၊ PDF kamma (ကမ္မတပ်ပါင်းစု)၊ ABSDF ကျောင်းသားတပ်မတော် စစ်ကြောင်း ၃၊ B.L.Y (ပ.က.ဖ) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် အဲဒီနေ့ မေ ၈ ရက် ညနေပိုင်းမှာပဲ ကမ္မမြို့နယ်၊ ကျပ်ထိုးစခန်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် အဖွဲ့က ဒရုန်းနဲ့ 2.5 kg ၃ လုံး၊ 3.5 kg ၂ လုံး၊ 1 kg ၄ လုံး ကြဲချခဲ့သေးတယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မြစ်ခြေ #မြို့အဝင်ဂိတ် #ရဲစခန်း #ကျပ်ထိုးရဲစခန်း #ဗုံးကြဲခံရ #ထိခိုက် #ရဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10