သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်အာဏာရှင် မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ထိထိရောက်ရောက်တိုက်ခိုက်ချေမှုန်းနိုင်ဖို့အတွက် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်ကြတဲ့ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA)၊ ဂန့်ဂေါခရိုင်တပ်ရင်း ၁၄၊ ပြည်ဦးလွင်ခရိုင်တပ်ရင်းတခုဖြစ်တဲ့ ပြင်ဦးလွင် PDF နဲ့ ဒရုန်းတပ်ဖွဲ့တခုဖြစ်တဲ့ Brigade Drone Force တပ်ဖွဲ့တို့ ပူးပေါင်းကာ ဇူလိုင် ၂၆ ရက်ကစပြီး ကမ်ပိန်းတခု ပြုလုပ်လျက်ရှိပါတယ်။
အဲ့ဒီအဖွဲ့ ၄ ဖွဲ့ရဲ့ ကမ်ပိန်းနာမည်ကို "ပြည်တော်၀င်ဖိုအတူရုန်းကြစို့" လို့ ပေးထားပြီး ဇူလိုင် ၂၆ ရက်ကနေ စက်တင်ဘာ ၉ ရက်အထိ ကမ်ပိန်းကာလကို သတ်မှတ်ထားတာဖြစ်ပါတယ်။
လက်နက်ကိုင်တော်လှန်ရေး အဖွဲ့တခုတည်းနဲ့ အာဏာရှင်စစ်အုပ်စုလက်အောက်က လွတ်မြောက်ဖို့ မဖြစ်နိုင်တဲ့အခါ အခုလို တော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းပြီး ထိထိရောက်ရောက်လုပ်ဆောင်သွားဖို့ ပြင်ဆင်ရတာဖြစ်တယ်လို့ PIA တပ်ဖွဲ့မှ ရဲဘော်သင့်နွမ်းက ဆိုပါတယ်။
ကမ်ပိန်းမှာ ပါဝင်တဲ့ ပြည်သူ့လွတ်လပ်ရေးအဖွဲ့ဟာ မြန်မာပြည်အလယ်ပိုင်းဒေသနဲ့ အနောက်ပိုင်းဒေသတွေမှာ မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး တိုက်ပွဲဝင်နေတာဖြစ်သလို ဂန်ဂေါ်ခရိုင်တပ်ရင်း ၁၄ ကလည်း အင်အားကောင်းပြီး တိုက်ပွဲတွေကို ဆက်တိုက်ဖော်ဆောင်ကာ တပ်သားသစ်တွေကို သင်တန်းတွေ ပေးနိုင်ဖို့အတွက် ပြင်ဆင်နေတဲ့ တပ်ဖွဲ့တခုဖြစ်ပါတယ်။
ပြင်ဦးလွင်ခရိုင်တပ်ရင်းတစ်ခုဖြစ်တဲ့ PDF ပြင်ဦးလွင်ဟာ တော်လှန်ရေးတလျှောက် ခက်ခက်ခဲခဲ ရုန်းကန် လှုပ်ရှားလာရတဲ့ အဖွဲ့တခုဖြစ်ပြီး ရှေ့ဆက် တိုက်ပွဲတွေအတွက်ပြင်ဆင်ရင်းနဲ့ သင်တန်းသားအသစ်တွေအတွက် စစ်သင်တန်းလည်းပေးနေကြတယ်လို့ ဆိုပါတယ်။
အလားတူ ကမ်ပိန်းမှာပါဝင်တဲ့ ဒရုန်းတပ်ဖွဲ့တခုဖြစ်တဲ့ Brigade Drone Force နဲ့ပတ်သက်လို့လည်း ရဲဘော်သင့်နွမ်းးက “တိုက်ပွဲ၀င်ဖို့ Brigade Drone Force တပ်ဖွဲ့ဟာ ကြိုးစားရုန်းကန်နေရပါတယ်။ ဒရုန်းအသစ်တွေနဲ့ နောက်တိုက်ပွဲတွေမှာ ပိုမိုအားဖြည့်ပါ၀င်ဖို့အတွက် အခုလတွေမှာ ကြိုးစားနေကြရတယ်။ ဒရုန်းတွေဟာ နွေဦးတော်လှန်ရေးမှာ တိုက်ပွဲအပြောင်းအလဲ တခုကို ဖန်တီးပေးနိုင်တဲ့ အင်အားစုတခု ဖြစ်တာကြောင့် ရဲဘော်တွေက အမြဲတိုက်ပွဲ၀င်ဖို့အားသန်နေကြပေမယ့် အရေအတွက်များများ ဗုံးကြဲနိုင်ဖို့က နောက်ထပ် Drone အသစ်တွေ ၀ယ်နိုင်ဖို့ အရမ်းအရေးတကြီး လိုအပ်နေတယ်” လို့ ဆိုပါတယ်။
အထက်ပါ လက်နက်ကိုင်တော်လှန်ရေး ၄ ဖွဲ့ရဲ့ လိုအပ်ချက်တွေကို ထောက်ပံ့ပေးနိုင်ဖို့ နဲ့ ပြည်သူတွေပါ တော်လှန်ရေးကြီးမှာ ပါဝင်အားဖြည့်နိုင်ဖို့အတွက် "ပြည်တော်၀င်ဖို့ အတူရုန်းကြစို့" ဆိုတဲ့ ကမ်ပိန်းတခုကို ဆောင်ရွက်ထားရာ ပထမဆုအဖြစ် ဗိုလ်ချုပ်အောင်ဆန်းပုံ ရွှေလည်ဆွဲ၊ ဒုတိယဆုအဖြစ် ဒေါ်အောင်ဆန်းစုကြည်ပုံပါ ရွှေလည်ဆွဲတို့ကို ဆုမဲလက်ဆောင်အဖြစ်သတ်မှတ်ထားပြီး လက်မှတ်တခုကို ကျပ် ၁၀,၀၀၀ (သိုမဟုတ်) ဘတ် ၁၅၀ နဲ့ ပါဝင်ထောက်ပံ့နိုင်တယ်လို့ ကမ်ပိန်းအစီအစဉ်မှာ ဖော်ပြထားပါတယ်။
#မြေလတ်အသံ
#ပြည်တော်၀င်ဖို့အတူရုန်းကြစို့ #စစ်ကောင်စီ #PDF #ကမ်ပိန်း
Share Share Share