သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ မြိုင်မြို့က စီမံကိန်းရုံးနဲ့ တရားရုံးတွေမှာ တပ်စွဲထားတဲ့ စစ်သား၊ ရဲ နဲ့ ပျူစောထီးတွေကို ကာကွယ်ရေးအဖွဲ့တွေက တပြိုင်နက်ထဲဝင်ရောက်တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။
မတ် ၂ ရက် မနက် ၈ နာရီ ၁၅ မိနစ်လောက်မှာ ကာကွယ်ရေးအဖွဲ့တွေခွဲပြီး စီမံကိန်းရုံးနဲ့ တရားရုံးကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စီမံကိန်းရုံးထိတွေ့တိုက်ပွဲမှာ ဒုရဲအုပ် ၁ ယောက်နဲ့ ရဲ ၁ ယောက်သေဆုံးပြီး ပျူနဲ့ စစ်သား ၅ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ စီမံကိန်းရုံးမှာ အင်အား ၂၀ ခန့်နဲ့ တရားရုံးမှာ အင်အား ၇ ဦးခန့်ရှိပြီး ဒုရဲအုပ်နဲ့ ရဲကိုတော့ မနေ့တုန်းကမနက်မှာ မြိုင်မြောက်ဘက်အထွက်မှာ မြေမြှုပ်အမိန့်ပြန်တာတွေ လုပ်သွားတယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုမှာ မြိုင်မြို့ရဲ့ မြို့စုံဂိတ်လို့ခေါ်တဲ့ မြို့နယ်စီမံကိန်းရုံးကို အဓိကထား တိုက်ခိုက်တာဖြစ်ပြီး မြို့မရဲစခန်းဘက်က စစ်ကူလာရောက်တဲ့အတွက် စီးနင်းသိမ်းပိုက်နိုင်တာမျိုး မရှိဘဲ ပြန်ဆုတ်ခွါခဲ့တယ်လို့ People’s Democratic Army ရဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကပြောပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း မြိုင်တောင်ဘက် ၂ မိုင်လောက်ဝေးတဲ့ ခလရ ၂၅၁၊ ခလရ ၂၅၆ နဲ့ ခလရ ၂၅၈ က စစ်သားတွေဟာ မြိုင်ဘက်ကိုပြန်ကပ်လာနေတယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ပကဖ၊ မြိုင်နယ်အခြေစိုက် ပခုက္ကူခရိုင်တပ်ရင်း (၂ ၊ ၆ ၊ ၇ ၊ ၁၄၊ ၁၅ ၊ ၁၇)၊ PSGF ပခုက္ကူ မြို့ပြပြောက်ကျားတပ်ဖွဲ့ ၊ ABSDF ကျောင်းသားတပ်မတော်၊ People’s Democratic Army၊ PRFတပ်၊ Urban ရေစကြိုတပ်ဖွဲ့၊ မြင်းခြံခရိုင် ဒရုန်းတပ်ဖွဲ့ နဲ့ King Cobra (ပခုက္ကူ) တို့က ပူးပေါင်းခဲ့ကြတယ်လို့ သိရပါတယ်။
စာတည်း-နွေဦးငြိမ်းချမ်း၊ တည်းဖြတ်-ငြိမ်းဇော်
#မြေလတ်အသံ
#မကွေးတိုင်း #မြိုင်မြို့နယ် #စီမံကိန်းရုံး #တရားရုံး #တိုက်ခိုက်
Share Share Share